Part 13

196 17 12
                                    

Newတစ်ယောက် ပေနေတဲ့အင်္ကျီကို ချွတ်ပြီးtoilet ကထွက်လာကာ သူ့ကိုစောင့်နေတဲ့ Gunကို

" Gun ဟိုကောင်မလာသေးဘူးလား "

" အေး လာတော့လာမှာပါ အစောကပဲ ငါဖုန်းဆက်ထားတယ် "

" ဒီကောင်လုပ်ပုံနဲ့တော့ ငါအအေးပတ်သေတော့မှာပဲ "

" အဲ့ကောင်ကိုစာင့်ရတာ စိတ်မရှည်ရင် ဒီပုံစံနဲ့ပဲသွားယူလိုက်ပါလား "

" သွားစရာလား လူတွေဒီလောက်အများကြီးကို "

" လူများလို့သွားခိုင်းတာကွ ဧည့်သည်ကောင်မလေး ချောချောလှလှလေးတွေလဲရှိတယ် အမိုက်စားပဲ "

Newလဲ Gunခေါင်းကိုနောက်ကတစ်ချက်ပိတ်ရိုက်လိုက်ပြီး......

" ချီးကို အမိုက်စားလား "

" မင်းကလဲ ငါကအကောင်းပြောတာကို "

Singတစ်ယောက် Newနဲ့ Gunဆီကိုအထုတ်ဆွဲကာ လာလိုက်ပြီး Newလက်ထဲကို အထုတ်ထည့်ပေးလိုက်တယ်.....

" ဟူး မောလိုက်တာကွာ...... "

" မင်းက ဘာဖြစ်လာတာလဲ အလောတကြီးပြေးလာပြီးတော့ "

" မပြေးလို့ရမလား Gunကဖုန်းတွေဇွတ်ခေါ်နေတာကို "

" Gun မင်းကလဲ ဘာလို့အဲ့လောက်လောနေရတာလဲ "

Newက Singယူလာတဲ့အထုတ်ထဲက အင်္ကျီကိုယူဝတ်ကာပြောတော့.....

" $ကောင် မင်းပဲ Singကိုအမြန်လာဖို့ခေါ်ခိုင်းတာလေ ဘာလို့ငါ့လာပြောနေတာလဲ "

" အေး ဟုတ်သားပဲ Sing မင်းကလဲ ဒါလေးယူခိုင်းတာ ဘာလို့အဲ့လောက်ထိကြာနေရတာလဲ "

" ငါ့အသိမိတ်ဆွေတစ်ယောက်နဲ့ စကားပြောနေလို့ပါကွာ "

" အစောကလဲ ငါ့အလုပ်ရှင်အကို အခုလဲ နောက်ထပ်အသိ မင်းပဲ အသိတွေပေါနေလိုက် "

" မင်းကလဲကွာ ငါ့လိုခပ်ချောချောကောင်လေးအတွက် အဲ့လောက်တော်အသိရှိရမှာပေါ့ မဟုတ်ဖူးလား "

" အဲ့လောက်ထိဂုဏ်ဆာနေလဲ နေရာမှာသာလဲသေလိုက်တော့ သွားမယ်လာ Gun အကိုစောင့်နေလောက်ပြီ "

Newက Gunကိုခေါ်ကာထွက်သွားတော့ Singလဲသူတို့နောက်က လိုက်သွားလိုက်တယ်......

Smile And Lose Where stories live. Discover now