ဝင်္ကပါ (မှတ်တမ်း - ၇)

3.7K 629 700
                                    

Unicode 📌

ပြောင်းခင်းတောရှိ စာခြောက်ရုပ်က သရဲခြောက်တယ် ဟုယူဆ၍ ကားပေါ်သို့ ယွန်းဂီ အပါအဝင် သူ့သူငယ်ချင်း ၇ ယောက်လုံး ဝရုန်းသုန်းကား အပြေးအလွှား တက်ပြီးနောက်မှာတော့ ကားလေးဟာ ထိုနေရာမှ ခွာကာ မြေနီလမ်းလေးအတွင်း
တရပ်ကြမ်း မောင်းထွက်နိုင်ခဲ့ပြီ ဖြစ်သည်။

ဖုန်အလိမ်းလိမ်းထကာ မောင်းထွက်သွားပြီဖြစ်သော ထိုကားကို ကြည့်ငေးရင်း သစ်ပုတ်ပင်အောက်တည့်တည့်ဝယ် လူပုံအဖြူလွလွအငွေ့သဏ္ဍာန်ဖြင့် ကျန်နေခဲ့သူ တစ်ယောက်တော့ ရှိခဲ့လေသည်။

နောက်တော့ ထိုအရာသည် ပြောင်းခင်းတောဘက်သို့ လေနဲ့အတူ ခပ်မျောမျော လွင့်ပါရင်း အဆုံးသတ်မှာတော့ ​ပြောင်းခင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။

ဒြပ်ဝတ္ထုဆန်ဆန်
မြင်နိုင်တဲ့အရာရှိသလို
မမြင်တွေ့ရတဲ့ အရာတွေရှိတယ်

အရာတိုင်းဟာ
မှောင်မိုက်နေဆဲ

လမ်းပြမဲ့ကြယ်လေးဟာလဲ
ပျောက်ကွယ်နေဆဲ။

®®®®® ဝင်္ကပါထဲကသရဲစံအိမ် ®®®®®

"မင်းတို့တွေ ဘာတွေ့လို့ ၊ ဘာတွေဖြစ်လာကြလို့
အဲ့လောက် အသည်းအသန် ပြေးလာကြတာလဲဟင် ငါတို့ကိုလဲ ပြောပြပါဦး"

ကားလေးက ထွက်ခွာလာခဲ့ရာနေရာမှ
အတော်အသင့်ဝေးကွာသွားပြီမို့ သိချင်စိတ်ကို ဆက်မအောင့်ထားနိုင်တော့တဲ့ပုံစံဖြင့် ဆော့ဂျင်က အမေးစကားပြုလေတော့သည်။

ဆော့ဂျင် စကားကို ထောက်ခံတဲ့အနေနဲ့ နမ်ဂျွန်းကလဲ

"Right Right ! We want to know,
please tell us"

ဘိုလိုလေးမှုတ်ရင်း သူသိချင်နေကြောင်းကို ဖွင့်ဟတယ်။

ဂျီမင်းကလဲ ထိုနည်းတူစွာ မျက်လုံးလေးတွေ အရောင်တောက်ရင်း ပြောပြလာမဲ့ အဖြေကို
စောင့်စားနေတယ်။

သူ့အရှေ့ကခုံမှာထိုင်နေတဲ့ ယွန်းဂီကပဲ ပြောပြမလား ၊ သူ့ဘေးက ပါလေရာလေး ဂျောင်ကွတ်ကီး နဲ့ Gucci ထယ်ယောင်းကပဲ ဦးစွာပြောပြမလား ။ ဘယ်သူက ပြောမလဲ မသိလေသည်မို့ သူတို့မျက်နှာအား တလှည့်စီ ကြည့်ငေးရင်းဖြင့်။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now