Hyung က နေမကောင်းဖြစ်ခဲသော်လည်း ဖြစ်ရင်လည်း အဖျားကတငွေ့ငွေ့ဖြင့် ရှည်ကြာတတ်တာကြောင့် စဖြစ်ကတည်းက သေချာဂရုစိုက်ပေးရသည်။ ဂရုစိုက်ပေးရင်းက လူမမာလေးမပျင်းရအောင်လည်း စာအုပ်တစ်အုပ်အုပ်ကို ဖတ်ပြတာဖြစ်စေ၊ ကျနော်တို့ အကြောင်းတွေကို ‌ရောက်တတ်ရာရာ ပြန်ပြောပြတာဖြစ်စေလုပ်ပြီး အချိန်ဖြုန်းရ‌သေးသည်။

" ဒီမှာကြည့် ကိုယ်ဘာရှာတွေ့ထားလဲဆိုတာ "

အိပ်ရာပေါ်မှာ အတူတူ လှဲနေကြရင်း ဖုန်းထဲက ဓာတ်ပုံလေးတစ်ပုံကို ထုတ်ပြလိုက်တော့ ကြောင်ကလေးက မျက်လုံးတွေပြူးကျယ်သွားသည်။

" ဘယ်တုန်းက ပုံကြီးလဲ "

" ထမင်းဘူးခေတ်ကလေ "

" ဘယ်သူ့လက်ချက်လဲ ဒါရိုက်တာအစုတ်ပလုတ်လား "

" ဟာ ကိုယ့်မြှားနတ်မောင်ကြီးကို အဲ့လိုမပြောပါနဲ့ "

" မင်းမြှားနတ်မောင်ကြီးက သူ့ဇာတ်သူရောနိုင်ရဲ့လား "

မနေ့ကအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့နှစ်ယောက်လုံး ‌မဆွေးနွေးဖြစ်ကြဘဲ ဘာမှအထွေထွေအထူးထူးမရှိခဲ့သလိုသာ ပြုမူဖြစ်ကြသည်။ Hyung က အဲ့လိုပြုမူတယ်ဆိုတာထက် ကျနော်က ပြုမူတာဆိုရင် ပိုမှန်ပါလိမ့်မည်။

" နိုင်မှာပါ...ဒါရိုက်တာကြီးက ပရိုပါ "

" Jungkook ရော ဘယ်လိုနေသေးလဲမသိဘူး ဒီညနေသွားကြည့်ကြမလား "

" မသွားရပါဘူး "

ကျနော်ကိုယ်တိုင်မသိလိုက်ဘဲ ခက်ထန်သွားတဲ့အသံမှာ Hyung ရဲ့အကြည့်ကလည်း အနည်းငယ်စူးရှသွားသည်။

" အခုမှ အဖျားကျကာစရှိသေးလို့ ကိုယ်ကစိုးရိမ်လို့ပါ "

" ပြီးရော...ငါအိပ်ချင်လာပြီ "

" လာ ဒီကို "

ခါးသိမ်သိမ်ကို ဆွဲယူကာတိုးကပ်စေလိုက်တော့ ခပ်နွေးနွေးကိုယ်ငယ်လေးက ရင်ခွင်ထဲကို အလိုက်သင့် ၀င်ရောက်လာသည်။ Hyung က ကျနော့်လက်မောင်းပေါ်မှာ အကျအနခေါင်းတင်ထားလျက် မျက်လုံးတွေကိုမှေးစင်းထားချိန် ကျနော်ကလည်း နဖူးပြင်လေးပေါ်သို့ နှုတ်ခမ်းသားကို နက်နက်နဲနဲ ထိကပ်ထားလိုက်သည်။

I hate that ' I love you 'Where stories live. Discover now