"ဟုတ်ကဲ့"

ဖုန်းကိုလက်ဖြင့်အုပ်ကာ ဒေါ်မြ
ခြံထဲတွင် ရေလောင်းနေတဲ့ ဒေစီစိုးကို
ခေါ်လိုက်သည်...

"Helloဒေစီစိုးပြောနေပါတယ်"

"ငါပြောထားတဲ့ ကိစ္စမင်းမေ့နေတာလား
အေမနက်ဖြန်မှ မင်းမလာရင် ငါ့အဆိုးမဆိုနဲ့"

"ဘာ...ဘာကိစ္စ နေပါအုန်း ရူးနေလား
ဘာတွေလာပြောနေတာလဲ.."

"မင်းဓာတ်ပုံကိစ္စ မင်းမေ့နေလား
မင်းစဉ်းစားကြည့် ဓာတ်ပုံတွေသာ
မင်းခင်ပွန်းလက်ထဲရောက် သွားရင်
မင်းဘ၀....အဟွန်း"

"ဓာတ်ပုံ..aww  အဲ့ဓာတ်ပုံတွေက
ရှင်ပို့တာပေါ့....မဆိုးပါဘူး....အစစ်နဲ့
တူသား"

"အစစ်ဘဲ မင်းအပိုတွေ ပြောမနေနဲ့
ငါတောင်းတဲ့ ပိုက်ဆံ ပေးမှာလား
မပေးဘူးလား...."

"မပေးနိုင်ဘူး...ဆိုရင်ကော aww
ပြီးတော့ အဲ့ပုံတွေက ကျွန်မပုံတွေမှ
မဟုတ်တာ...လုံးဝ မပေးနိုင်ဘူး.."

"မင်းသေချာတယ်နော် နောင်တမရပါ
စေနဲ့.."

"လုံးဝဘဲ..."

"အဟက် အဲ့တာဆိုလည်း နောင်တရနေလိုက်တော့...."

"ဟုတ်ကဲ့ပါရှင့်"

ချလောက်....တီ...တီ...
တဖက်ကဖုန်းချသွားပေမယ့် မချနိုင်သူ
ပန်ဆုငယ်ကား ဒေစီစိုး အတွက်
အပူမီးတောက်နေတော့သည်...
ဘာတွေလုပ်ထားတာလဲ ဒေစီစိုးရယ်
ပြီးတော့ ဘာတွေများဖြစ်နေပြီလဲ

စိုးရိမ်ပူပန်မှုများနဲ့ မှိုင်တွေနေမိသည်
ထိုအချိန် အလုပ်မှ ပြန်လာတဲ့
တေဇအောင် ဖုန်းခုံဘေးနားတွင်
မှိုင်တွေကာ ရပ်နေတဲ့ ပန်ဆုငယ်ကို
တွေ့သွားသည်....
ဘာဖြစ်နေတာလဲ အခုတလော
သူမ မျက်နှာသိပ်မကောင်းသလိုဘဲ
စိတ်ညစ်စရာများရှိလို့လား.....

ငါမေးကြည့်ရမယ်.....

"ပန်း ....ဘာလုပ်နေတာလဲ"

တေဇအောင် ခေါ်သံကြားတော့
ပန်ဆုငယ် ပျက်ယွင်းနေတဲ့
မျက်နှာကို ထိန်းလိုက်ကာ
ပြုံးရင်း...

"ဘာမှ မလုပ်ပါဘူး...ကိုတေဇကော
ထမင်းစားတော့မလား.."

"မစားသေးပါဘူးပန်း ခုနက
မျက်နှာမကောင်းဘူး  ဘာဖြစ်တာလဲ
ကိုယ်သိခွင့်ရှိမလား"

The Most i Need U In My Life(completed)Where stories live. Discover now