"အင်း​လေ အခုလည်းနှင်း​တွေကြည့်​​နေတာပဲ​လေ"

"ဟွန်း...နှင်းကိုအခန်းထဲကကြည့်​ရုံနဲ့ ဘယ်​လှမလဲ။
လာ အပြင်​သွားမယ်​"

ပြော​ပြောဆိုဆိုနှင့်​ပင်​ သူ့ခန္ဓာကိုယ်​ထက်​ ကုတ်​အင်္ကျီကိုလွှမ်းခြုံ​ပေးလာပြီး​နောက်​ လက်​ကိုအတင်းဆွဲလာတာ​ကြောင့်​ သူ့မှာ ​ယောင်​နနနှင့်​ပင်​ ထို​ကောင်​​လေး​ခေါ်ရာ​နောက် လိုက်​ပါသွားရသည်​။

နှင်း​တောထဲ​ရောက်​​ရောက်​ချင်း Hwangက သူ့ကိုနှင်းလုံးနှင့်​​ကောက်​​ပေါက်​လာသည်​မို့ သူလည်း
နှင်းများကိုလုံးကာ ပြန်​ပစ်​လိုက်​​တော့ သ​ဘောတကျနှင့်​ကို ရယ်​​မော​နေ​သော Hwangရဲ့မျက်​နှာ​ချော​ချောကိုကြည့်​ရင်း သူ​ငေးခနဲဖြစ်​သွားရသည်​။

က​လေး​လေးတစ်​​ယောက်​လို ဖြူ ဖြူ စင်​စင်​ရယ်​​မော​နေတဲ့​ကောင်​​လေးရဲ့အပြုံး​တွေက တစ်​ချိန်​ချိန်​မှာ သူ့​ကြောင့်​ ကွယ်​​ပျောက်​သွားခဲ့သည်​ရှိ​သော်​....သူ ခံနိုင်​ရည်​ရှိပါ့မလား?

ဒီ​ကောင်​​လေး သူ့အနားမှာမရှိ​တော့ရင်​​ရော သူ​နေတတ်​ပါ့​တော့မလား?

သေချာတာက​တော့ Hwangကသာ သူ့ရဲ့အချစ်​ဦးနှင့်​အချစ်​ဆုံးဖြစ်​သလို ​နောက်​ဆုံးအချစ်​လည်းဖြစ်​ပါ၏။

"Lee Felix!"

အ​တွေးများ​နေရာမှာ သူ့နာမည်​​ခေါ်သံ​ကြောင့်​ ရုတ်​တရက်​လှမ်းကြည့်​လိုက်​မိ​တော့ သူ့ရင်​ဘတ်​ထံ လာမှန်​သည့်​နှင်းလုံးတစ်​လုံးနှင့်​အတူ အားရပါးရကိုရယ်​​မော​နေပါ​သော သူချစ်​ရသည့်​ သူ့ရဲ့တစ်​ဦးတည်း​သောHwang......။

"အငိုက်​ဖမ်းတယ်​​ပေါ့ဟုတ်​လား...ဟမ်​"

ဒီတစ်​ခါ​တော့ နှင်းလုံးနှင့်​ပြန်​မပစ်​​တော့ဘဲ Hwangရှိရာ သူခုန်​အုပ်​ပစ်​လိုက်​​တော့ သူ​ရောအနှီ​ကောင်​​လေးပါ နှင်း​တောထဲသို့ ထပ်​လျက်​သား
ပြုတ်​ကျသွားရသည်​။

Hwangက ပက်​လက်​အ​နေအထားနှင့်​ဖြစ်​ကာ
သူက​တော့ ​မှောက်​ခုံအ​နေအထားနှင့်​ ထပ်​လျက်​ဖြစ်​​နေတာမို့ နှာ​ခေါင်းထိပ်​ချင်းပင်​ ထိစပ်​​နေသည်​အထိ
နှစ်​ဦးသားကနီးနီးကပ်​ကပ်​။

Saturday Night(Completed)Where stories live. Discover now