"အဲ့တာကိုမင်းကဘာလို့စူပုပ်နေတာလဲ မင်းကိုဘာလုပ်သွားလို့လဲ"
"ဘာမှမလုပ်ပါဘူး ဘာလုပ်ရမှာလဲ"
"ဘာမှမလုပ်ရင်လဲပြီးရောလေ ဘာလို့မျက်နှာကြီးနီပြီးရှက်နေတာလဲ"
ဘာဖြေရမှန်းမသိပဲ အနေခက်နေတဲ့အချိန် ကျိရန်၊ဟောက်ရွှမ်းနဲ့ရိပေါ်ထွက်လာတာမို့ တော်ပါသေးရဲ့။
"ကောတို့နိုးနေတာကြာပြီလား ထွက်ကြတော့မလား"
"အေးစားပြီးရင်သွားကြမယ်လေ"
"ဟုတ် အကုန်လက်ပတ်တွေပါပြီလား"
"ပါပြီ ဟောက်ရွှမ်းစားပြီးရင်သွားရအောင်လေ"
"ဟုတ်ကဲ့ကျိရန်ကော"
"ကျွန်တော်တို့သွားနှင့်ပြီနော်"
"အေးဂရုစိုက်သွားကြဦး အဆက်အသွယ်မပြတ်စေနဲ့"
"ကျိရန်ကော"
"အေးရိပေါ် ဘာပြောစရာရှိလို့လဲ"
"ဒါကgpsအသေးလေးတွေ ဘောင်းဘီအိတ်ထဲထည့်ထားပေး တစ်ယောက်တစ်ခုစီ"
"ဟုတ်ပြီ ပေးပေး သွားပြီနော် ဟိုရောက်မှ ဆုံရပ်မှာတွေ့ကြမယ်"
28.9.2020
Unicode
ပြန်လို့ရပြီဆိုပေမယ့် အတွေ့အကြုံမရှိကြသေးတာမို့ အဖွဲ့၁ကိုလိုအပ်တာလေးတွေမေးဖို့အတွက် မပြန်ဖြစ်ကြသေးဘူး အဖွဲ့၃ကလဲ သူတို့လဲနားထောင်ချင်တယ်ဆိုပြီး မပြန်သေးတာမို့လူစုံနေကြတယ်။
"ဟိုက်ခွမ်းကောကျွန်တော်တို့ ဘယ်လိုတွေကြိုတင်ပြင်ဆင်သွားဖို့လိုလဲ"
"အဓိက ကတော့ မင်းတို့ပုံရိပ်ယောင်ပြောင်းပြီးတိုက်ခိုက်တာအသားကျနေကြဖို့ပဲလိုတယ် ပြီးတော့ဌာနချုပ်နဲ့အဆက်အသွယ်မပြတ်စေနဲ့"
"ဟုတ်ကဲ့ ပုံရိပ်ယောင်ပြောင်းပြီးလေ့ကျင့်တာကတော့ အတူတူကျင့်တာမဟုတ်တောင် တစ်ယောက်ချင်းဆီတော့ အချိန်ရသလောက်လေ့ကျင့်ရေးအခန်းထဲမှာကျင့်ဖြစ်ပါတယ်"
"အဲ့တာဆိုအဆင်ပြေတာပေါ့ လူခွဲပြီးသွားမယ်ဆိုတော့ ဘယ်လိုသွားကြမလဲတော့ အချင်းချင်းတိုင်ပင်လိုက်ကြဦးနော် ဒါနဲ့စက်ရုပ်ကြီးတည်ဆောက်ပုံရော မင်းတို့ကိုယ်ပိုင်ယာဉ်တွေနဲ့စမ်းသပ်ပြီးပြီလား"
KAMU SEDANG MEMBACA
We Save The World (Complete)
Fiksi Penggemarကမ္ဘာကြီးကိုကယ်တင်မယ့် ပါဝါရိန်းဂျား
S2 part 2
Mulai dari awal
