Part (53) ( လျှို့ဝှက်ချက်များ !! )

39.7K 2.7K 149
                                    

Zawgyi

ခပ်ညိုညိုအသားအရေ ၊ အသားရောင်လောင်းကုတ် ၊ ဆွယ်တာ လည်ပိတ်အဖြူရောင်သည် တောင့်တင်းသောရင်အုပ်၏ ပုံသဏ္ဍာန်ကို ဖုံးကွယ်ရန် အင်အားမရှိ။ နီညိုဖျော့ဖျော့မျက်စံတို့က ကျားသစ်တစ်ကောင်နှင့်အလားသဏ္ဍာန်တူသည်။ အသားဖြူသူများပြားသောနိုင်ငံဖြစ်လို့ တစ်မူထူးခြားသောအသားအရည်က လူအများအပြားကိုဆွဲဆောင်ထားသည်။ သဝန်တိုသည်။ ဘေးကလူက အရမ်းတွေကြည့်ကောင်းနေတော့ ကောင်မလေးများ၏မျက်လုံးက သူ့ထံတွင်ဝဲနေ၏။ နှာခေါင်းစည်းတပ်ထားသော်လည်း သူ့ရုပ်ကကြည့်ကောင်းနေသည်။ ဂျယ်သုံးထားသော ဆံပင်နှင့် မဟာဆန်သောနဖူးရှိသည်။ ဂျယ်မထိသောဆံပင်တစ်ချို့က သူ့နဖူးပြင်မှာ တစ်စွန်းတစ်စ။

" Khon Key မင်းက ငါ့အပိုင်နော် "

လက်ဖဝါးကိုညှစ်ခံလိုက်ရတာကြောင့် Key ဘေးကလူကိုကြည့်လိုက်မိသည်။ တစ်ဖက်လူက အလိုမကျသည့်ရုပ်ဖြစ်နေသည်။ မျက်ခုံးတွေတွန်းချိုးနေတာကြောင့် နှာခေါင်းစည်းအောက်က အောက်နှုတ်ခမ်းက ထော်ထွက်နေမှာသေချာ၏။

" အခုဘာဖြစ်နေလို့လဲ "

" ငါ့အပိုင်ကို ကြည့်​နေကြလို့ "

Key ခပ်အုပ်အုပ်ရယ်မိသည်။ ဘယ်လိုတောင် ကလေးဆန်တဲ့ ရည်းစားကိုရထားတယ်မသိ။ ရဟန်ခွန်းသကတော့ စခင်တည်းက ကလေးဆန်သည်။ သူ့မန်နေဂျာအဖြစ်အလုပ်လုပ်တုန်းကလည်း တစ်မျိုးပြီးတစ်မျိုးတွေ ခိုင်းစားတာ။ အခု နှစ်ယောက်သား အတူရှိနေကြပြန်တော့ ရဟန်ခွန်းသက နည်းနည်းဆိုးသည်။

" ဟန်မြစ်ကိုရောက်ပြီ သီချင်းဆိုလို့ရတဲ့ နေရာရှိတယ် မင်းနားထောင်ချင်လား "

" သေချာပေါက် နားထောင်မှာပေါ့ "

" အင်း ဒါဆို ခဏစောင့်နေ "

ရဟန်ခွန်းသ ဂီတာတောင်းနေတာလည်း တွေ့သည်။ ဟန်မြစ်က အတွဲလေးတွေများသည့်နေရာဖြစ်သည်။ ရာသီဥတုကလည်း အေးစိမ့်စိမ့်နဲ့ နေလို့ကောင်းတာကြောင့် Key မတ်တပ်ရပ်ကာ သူ့ကိုစောင့်ကြည့်လိုက်သည်။ သူက နာမည်ကြီးmodelဖြစ်တာကြောင့် mask ချွတ်လိုက်သည့်အခါ သိတဲ့သူတွေဆီက ဆူဆူညံညံအသံထွက်လာကြသည်။

ASTILLBE (Completed)Where stories live. Discover now