"တော်သေးတာပေါ့ မှတ်မိသေးလို့"

မိုး- အာ ဆောရီးနော် ကျွန်မကလူစိမ်းတွေဆိုတခေါက်လောက်နဲ့မမှတ်မိတတ်လို့ပါ

"ရပါတယ် ကိုယ်ကအပြစ်ပြောနေတာမဟုတ်ပါဘူး ကိုယ့်ကိုမမှတ်မိမှာစိုးရိမ်သွားတာပဲရှိတာ"

မိုး- ဟုတ် ဟို ဒါနဲ့ ဘာကိစ္စလဲဟင်

"အော် ဘာကိစ္စမှတော့မဟုတ်ပါဘူး ကိုယ့်ကိုကိုယ်မမိတ်ဆက်ရသေးလို့ခေါ်လိုက်တာ ကိုယ့်နာမည်က ဟိန်းသူတဲ့ သချာ်မေဂျာ ဒုတိယနှစ်။ ကိုယ်တို့သူငယ်ချင်းဖြစ်လို့ရပါတယ်နော်"

မိုး- အဲ ဟုတ် ရပါတယ် ညီမနာမည်က....

ဟိန်းသူ- မိုးမြတ်သခင် ဟုတ်တယ်မလား

မိုး- ညီမကိုသိတယ်လား

ဟိန်းသူ- အမှန်တိုင်းပြောရရင်သိနေတာတော့ကြာပြီ။ အတိအကျပြောရရင် ကျောင်းစတက်ပြီးနောက်တစ်ရက်ထဲက မင်းကိုမြင်ဖူးတာ မင်းနာမည်နဲ့မေဂျာကိုသိတာကလဲ ကိုယ်နဲနဲစုံစမ်းထားမိလို့ပါ

မိုး- အာ ဟုတ်ကဲ့ အာ့ဆိုမိတ်ဆက်စရာတောင်မလိုတော့ဘူးပဲ

ဟိန်းသူ- ကိုယ်တို့သူငယ်ချင်းဖြစ်လို့ရပါတယ်နော်

မိုး- ရှင် ဟုတ် ရလောက်ပါတယ်

ဟိန်းသူ- ရလောက်ပါတယ်ဆိုတာက မသေချာဘူးလို့ပြောတာလား

မိုး- ဟိုလေ ညီမထက်ကြီးတဲ့စီနီယာလဲဖြစ်နေတယ် ပြီးတော့တခြားမေဂျာကယောက်ျားလေးသူငယ်ချင်းမျိုး ညီမမှာမရှိဖူးလို့ပါ

ဟိန်းသူ- ကိုယ့်ကိုစီနီယာဆိုပြီးမသတ်မှတ်လဲရပါတယ် သက်တူရွယ်တူလိုသဘောထားပြီး‌လွတ်လွတ်လပ်လပ်ပေါင်းလို့ရတယ် အဲ့လိုဆိုရင်ရော သူငယ်ချင်းဖြစ်လို့ရပြီလား

မိုး- အဲ ဟုတ် ရပါတယ်

ဟိန်းသူ- အာ့ဆို မင်းကိုမိုးလို့ပဲခေါ်မယ်နော် ရလား

မိုး- ဟုတ် အဆင်ပြေသလိုခေါ်ပါ ရပါတယ်

ဟိန်းသူ- ကိုယ့်ကိုလည်း ကိုဟိန်းလို့ပဲခေါ်လေ နော်

မိုး- ဟုတ်ကဲ့ စီနီယာ အဲ ကိုဟိန်း

ဟိန်းသူ- အဟင်းဟင်း နောက်တော့ကျင့်သားရသွားမှာပါ ဒါနဲ့အတန်းသွားမလို့လား ကိုယ်လိုက်ပို့မယ်လေ

ဤမျှသာWhere stories live. Discover now