Part 11

232 23 19
                                    

" အန်တီရေ အန်တီ "

Newမေမေလဲ ထမင်းစားပွဲပြင်နေရင်း အိမ်ရှေ့က ခေါ်သံကြားတာကြောင့် ထွက်သွားလိုက်တယ်.....

" အို..... သားငယ်လေး Gun လာပြီလား "

" ဟုတ် အန်တီ နေကောင်းရဲ့လား "

" ကောင်းပါတယ် သားရဲ့ ဒါနဲ့သားဘေးက သား Offလဲ မဟုတ်ဖူးနော် သူက ဘယ်သူလဲ "

Newလဲ အခန်းထဲက ထွက်လာလိုက်ပြီး Gunတို့ဆီသွားကာ....

" မေမေရယ် ဒီနေ့တွက်  သားသူငယ်ချင်းလေ ဧည့်သည်ကသူပဲ ....... "

" သားပြောပြောနေတဲ့ သားရဲ့နောက်ထပ်အခင်ဆုံးသူငယ်ချင်း Singto ဆိုတဲ့တစ်ယောက်လား "

Newလဲသူ့မေမေကို ဖက်ကာ ပါးလေးတစ်ဖက်ကိုအနမ်းပေးလိုက်ပြီး.....

" မေမေ မှန်တယ် "

" အမေကိုပဲ ဖက်မနေနဲ့ သူငယ်ချင်းကို အိမ်ထဲခေါ်အုံး "

" ဝင်ခဲ့လေ Gunနဲ့ Sing "

" မင်းမခေါ်လဲငါတို့ကအိမ်ထဲရောက်နေပြီပဲ "

" အေးပါကွာ စကားတွေများမနေနဲ့တော့ ငါ့မေမေပြင်ပေးတဲ့နေ့လည်စာသာ အရင်စားကြမယ် "

Newတို့စားသောက်သိမ်းဆည်းပြီးတော့ Newလဲ Gunတို့ကိုအခန်းထဲခေါ်လာလိုက်တယ်.....

" မတွေ့ရတာကြာp မင်းပျောက်သွားတာ ပထမနှစ် ဖြေပြီးထဲကနော် "

" မင်းတို့ကလဲ ငါလဲငါ့မိဘတွေအတင်းပို့လို့ အင်္ဂလန်လိုက်သွားရတာပါ မင်းတို့ကိုခွဲချင်လို့မှမဟုတ်ဖဲ "

Newတစ်ယောက် Singto ပြောတဲ့ အင်္ဂလန်ဆိုတာကြားတော့ ငယ်ငယ်တုန်းက ခနတာခင်မင်ခွင့်ရခဲ့တဲ့ သူ့ကိုကိုကို သတိရသွားတယ်.....

New pov ' ကိုကိုကော အခုဘန်ကောက်ကိုပြန်ရောက်နေပြီလား.....

ဒါမှမဟုတ်အိမ်ထောင်တွေဘာတွေကျပြီး သားသားမီးမီးတွေနဲ့ အင်္ဂလန်မှာ ပျော်နေရဲ့လား....

ကျနော်လေ တခြားသူစိမ်းနဲ့သူငယ်ချင်းတွေကို မချစ်တတ်ပေမဲ့ ကိုကိုကိုတော့အကိုတစ်ယောက်လို ချစ်တယ်.....
ကျနော်ကိိုကိုနဲ့ ပြန်တွေ့ချင်လိုက်တာဗျာ...... '

Smile And Lose Where stories live. Discover now