🖤 အရမ်းပင်ပန်းနေပြီ 🖤

Ξεκινήστε από την αρχή
                                    

ဒီအမာရွက်တွေနဲ့ အပြစ်ကင်းစင်စွာ အိပ်ပျော်နေတဲ့ ကျန့်ယွင်ကိုကြည့်မိတော့ မသိမသာလေး ဝမ်းနည်းသွားရသည်။

ရိဖေး အိပ်ယာကထလိုက်ပြီး ပြန့်ကျဲနေတဲ့အဝတ်တွေကိုကြည့်လိုက်တယ်။ သူ့ရဲ့ အဝတ်တွေက ပုံမှန်ဆိုပေမဲ့ ကျန့်ယွင်ရဲ့အဝတ်အစားတွေကတော့ သူ့ရဲ့ကြမ်းတမ်းမှုကြောင့် စုတ်ပြဲနေခဲ့သည်။

အဝတ်တွေကိုသေချာဝတ်ရင်း ကျန့်ယွင် အတွက်အဝတ်တွေ သွားဝယ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီအခန်းက သူ့ရဲ့သီးသန့်အခန်းဖြစ်တာမို့ သူ့အတွက်တော့ အဆင်သင့်ပြင်ထားတဲ့ဝတ်စုံတွေရှိနေပြီးသားပဲ့။ ဒါမဲ့သူ့အဝတ်တွေက ကျန့်ယွင်အတွက် နည်းနည်းလေးကြီးနေလိမ့်မည်။

ရိဖေး ထွက်သွားပြီ မကြာပါဘူး ကျန့်ယွင်နိုးလာခဲ့သည်။ ညကအဖြစ်အပျက်က သူ့အတွက်လုံးဝ လျော့ရစရာပဲ့။

" သူထွက်သွားပြီ...အင်း..ငါ့လိုOmega တစ်ယောက်ကိုဘယ်သူက လိုချင်မှာလဲ "

ကျလာတဲ့မျက်ရည်ကို လက်ခုံနဲ့ဖိသုတ်ရင်း အိပ်ယာကနေ တစ်ဖြည်းဖြည်းထလိုက်ရတယ်။ သူ့အောက်ပိုင်းက စူးပြီးနာကျင်နေခဲ့တာမို့ ရေချိုးခန်းကိုတောင်မနဲသွားလိုက်ရတယ်။ ရေချိုးခန်းထဲမှာ စုတ်ပြဲနေတဲ့အဝတ်အစားတစ်ချို့ကို အမှိုက်ပုံးထဲ လွှတ်ပြစ်ထားတယ်။ တကယ်ပြန်ဝတ်ရင် အဆင်ပြေတော့မှာမဝုတ်ဘူး။

ရေချိုးဝတ်ရုံလေးနဲ့ ဘယ်လိုလုပ်ရမလဲ အသဲအသန်စဥ်းစားနေမိသည်။ ညက ပါတီမှာကျန်ခဲ့တဲ့ သူ့အဖေအကြောင်းကို တွေးမိပြီးကြောက်ရွံလာရတယ်။ ထိုအချိန် သူ့ရဲ့ဖုန်းကိုသွားရှာဖို့သတိရသည်။ ထောင့်တွေနဲ့ ကျနိုင်တဲ့နေရာတွေကို သေချာကြည့်ရင်းစားပွဲအောက်လျောဝင်နေတဲ့ ဖုန်းကိုတွေ့လိုက်ရတယ်။

" အဖေ ဖုန်းခေါ်ထားတယ်။ "

အဖေ က ၅ ကြိမ်လောက်ခေါ်ထားပြီး လျှိထုံကအကြိမ်၂၀လောက်တောင် ခေါ်ထားခဲ့သည်။

ကျန့်ယွင် စိတ်တွေတုန်လှုပ်လာသည်။ အခန်းထဲမှာ ရိဖေးရဲ့အဝတ်တစ်ချို့ကိုတွေ့တာမို့ တော်မတော်တွေးမနေတော့ဘူး။ အမြန်အဝတ်တွေ ဆွဲယူဝတ်လိုက်တယ်။ အဖေနဲ့ဒေါက်တာချင်ကို တွေ့ဖို့တံခါးကို ဆွဲဖွင့်လိုက်ပေမဲ့ ပါးပြင်တစ်ဖက်ပူထူသွားပြီး ဆဲဆိုသံနဲ့အတူ အခန်းထဲကိုပြန်လဲကျသွားရတယ်။

I never said " Alpha "Όπου ζουν οι ιστορίες. Ανακάλυψε τώρα