Chapter 49: Qiu Bai's Marriage

4.8K 843 5
                                    

Unicode

ချိုးမိသားစု...

ချိုးအဖေက မနာလိုဖြစ်ကာသက်ပြင်းချရင်း " ဒီစပျစ်သီးတွေက တကယ်ကောင်းတယ်။ ရှောင်ကျင့်ထျင်နဲ့ ရွှီမုရန်တို့ စတုတ္ထအဆင့်ကို တက်နိုင်ခဲ့တဲ့ အကြောင်းရင်းက ဒီစပျစ်သီးတွေကြောင့်လို့ ရွာကလူတချို့က ပြောနေကြတယ်။ မင်းအစ်ကိုလည်း ဒီစပျစ်သီးကို နေ့တိုင်းစားရင် မကြာခင်မှာ အဆင့်သုံးကို ရောက်သွားလိမ့်မယ်။ "

ချိုးပိုင်က သူ့ရင်ထဲတွင် မျက်လုံးလှိမ့်လိုက်ပြီး သူ့အစ်ကိုက နေ့တိုင်း စပျစ်သီးစားချင်နေခဲ့တယ်။ သို့သော် ကံမကောင်းစွာဖြင့်၊ သူသည် စပျစ်သီးကို စိုက်ပျိုးနိုင်စွမ်းမရှိခဲ့ပေ!

ချိုးပိုင်သည် ချိုးလီကို အလွန်လေးစားဖူးသော်လည်း၊ ယခင်က ချိုးလီ၏ အထင်အမြင်သေးခြင်းကိုခံခဲ့ရသော ရှောင်ကျင့်ထျင်၏ သာယာဝပြောသောဘဝနှင့် သူ့အိမ်သည် ယခင်အတိုင်းမ​ပြောင်းမလဲဖြစ်​နေသည်ကို မြင်တွေ့ခဲ့ရသည်။ ချိုးပိုင်သည် အမြဲတမ်း သူ့ကိုယ်သူအထင်ကြီးသည့် ချိုးလီနှင့် နည်းနည်းလေးမှ သဘောထားမတိုက်ဆိုင်နိုင်တော့ပေ။

" ငါသိခဲ့ရင် မင်းကို ရှောင်ကျင့်ထျင်နဲ့လက်ထပ်ခွင့်ပေးပြီး မင်းက သူနဲ့အတူကောင်း​ကောင်း စားဖို့ သောက်ဖို့ သူ့နောက်ကိုလိုက်နိုင်လိမ့်မယ်။ " ချိုးအ​ဖေ ခေါင်းယမ်းလိုက်သည်။

ချိုးပိုင်သည် ချိုးအ​ဖေကိုကြည့်ပြီး တိတ်တိတ်လေး တွေးနေသည်၊ အဖေက ရှောင်ကျင့်ထျင်ကို သူနဲ့အတူ စားဖို့ သောက်ဖို့အတွက် သူ့​နောက်လိုက်ခိုင်းမည်ဟု မမျှော်လင့်ထားပေ။ ဒါပေမယ့် သူက ရှောင်ကျင့်ထျင်ကိုလက်ထပ်ပြီး သူ့အစ်ကိုကို ကူညီနိုင်ဖို့ မျှော်လင့်ထားသည်။ အကယ်၍ မိသားစုနှစ်စုသည် ယောက္ခမဖြစ်လာပါက၊ ရှောင်မိသားစုထံသွားပြီး အချို့အရာများတောင်းရန် သူ့အဖေအတွက် သဘာဝကျလိမ့်မည်။

" ရှောင်မိသားစုက အခန်းအသစ် ၃ခန်း ဆောက်ထားတာ မင်းသိလား? " ချိုးအ​ဖေက မေး၏။

ချိုးပိုင် ခေါင်းညိမ့်ကာ ပြန်ဖြေလိုက်သည်။ " ကျွန်တော် သိတယ်။ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now