အပိုင်း ၁၄

3.5K 566 2
                                    


Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၁၄ - ကတိပေးရန်


"မဟုတ်ဘူး နည်းနည်း ယားလို့ " မုရှောင်ယက လှည့်မကြည့်ရဲပေ။  ဒီအချိန်မှာ ခေါင်းကနေ ခြေဖျားအထိ ထူးထူးခြားခြား ခံစားနေရသည်။

သူမ တကယ်ပဲ သူ့ကိုယ်သူ ရှုံးသွားသည်။  သူမ ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ မုရှောင်ယက ခေါင်းအုံးကို ကိုက်လိုက်သည်။  သူမကြည့်ရတာ ရုပ်ဆိုးပြီး မကျေမနပ်ဖြစ်နေသည်။

မုရှောင်ယ အဆင်ပြေတာကို ပိုင်ချွမ်း ကြားချိန်မှာ သူမကို သူ့လက်နဲ့မကူညီနိုင်စွာ ထပ်ထိမိလိုက်သည်။

မုရှောင်ယက ရုတ်​တရက်​ခုန်​ထပြီး အော်​လိုက်​သည်​။ "အဲ့နားကို မထိနဲ့"

“…” ပိုင်ချွမ်းက သူ့လက်ကို ပြန်ရုတ်လိုက်သည်။ ထိုအချိန်တွင် သူက မုရှောင်ယကိုသာ စိုက်ကြည့်နေသည်။

မုရှောင်ယ ရှက်သွားသည်။  သူမ တုံ့ပြန်မှုက အနည်းငယ်ကြီးမားသည်ကို သူမသိသော်လည်း သူမမှာ ဘာအမှားအယွင်းရှိမှန်း သူမသိပါ။  ပိုင်ချွမ်းရဲ့လက်ချောင်းတွေက သူမခါးကိုထိလိုက်တာနဲ့ သူမ မခံနိုင်တော့ဘူး။ မဟုတ်ဘူး၊ အဆင်မပြေဘူးလို့ ပြောလို့မရဘူး၊ ဆိုလိုတာက ခန္ဓာကိုယ်မှာ ထိန်းချုပ်လို့မရတဲ့ XXX ခံစားချက်ကို ခံစားခဲ့ရပြီး သူမကို အနည်းငယ် စိတ်မသက်မသာနဲ့ ရှက်စရာဖြစ်စေခဲ့သည်။

'ထူးဆန်းတယ်။  ငါ့ခါးက အရမ်းအကဲဆတ်တာကို ငါဘာလို့မသိတာလဲ။'

"ကိုယ်.....တောင်းပန်ပါတယ် "  ပိုင်ချွမ်းက ပြင်းထန်ပြီး ကျယ်လောင်စွာအော်တက်တဲ့ မုရှောင်ယကို တစ်ခါမှ မတွေ့ဖူးဘူး။ အချိန်အတော်ကြာ နေပြီးနောက်မှာ တောင်းပန်ဖို့ သတိရလာသည်။

“မဟုတ်ဘူး၊ ရှင့်ကြောင့် မဟုတ်ဘူး၊ အဲဒါ… အရမ်းယားတယ်။ အဲဒီအချိန်မှာ ကျွန်မ မတက်နိုင်ခဲ့ဘူး " မုရှောင်ယက အမြန်ရှင်းပြလိုက်သည်။

"ကိုယ်တောင်းပန်ပါတယ်"  ပိုင်ချွမ်းက တောင်းပန်နေတုန်းပဲ။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now