အခန်း(၈၄)

8.1K 1.7K 76
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

ကော ဗီဒီယိုcallဖွင့်လိုက်


ဒီတစ်ခေါက် ပထမနှစ်ဝက်ရဲ့နောက်ဆုံးစာမေးပွဲအား ခြုံငုံပြောရလျှင်တော့ ပိုလို့ခက်လာခြင်းပင် ၊ နှစ်စကထက်ပိုခက်ပြီး အထူးသဖြင့် အနောက်ပိုင်းကသင်္ချာအပုဒ်ကြီးအနည်းစုထံမှနေ အမှတ်သယ်လို့ပင်မကောင်းတော့ရာ စာညံ့သူများစုဝေးရာအရပ်ကား အသိပညာတွေစုပေါင်းဖို့လုံးဝမဖြစ်နိုင်တော့ချေ။

အစပိုင်းမှာတော့ စာရွက်ကလေးတွေပလူပျံနေသေးပေမယ့် လျင်လျင်မြန်မြန်ပဲရပ်စဲလို့သွား၏။

အခန်းစောင့်ဆရာက ကျောပေးကာထောင့်ကစာအုပ်စင်ကိုကြည့်နေခိုက် အခွင့်ကောင်းယူပြီးတစ်ယောက်ကလေသံတိုးတိုးဖြင့်ဆိုလာတော့သည်။

"ဘာလို့လက်ဆင့်မကမ်းကြတော့တာလဲ?"

"ဘာကိုကမ်းရမှာတုန်း ရမှမရတာ။"

"တအားခက်တယ် ၊ ဒီမေးခွန်းထုတ်တဲ့လူကိုမှတ်ကိုထားရမယ် ဝူကျိန့်!"

မကျေမနပ်ညည်းညူနေကြသံတစ်ဝိုက်ကြား ရှဲ့ယွီသည် ဘောပင်အားလက်ထဲကိုင်ထားရင်း မေးခွန်းအားလုံးကိုခြုံကြည့်လိုက်ပြီးနောက် အဖြေမှန်တွေချည်းသာအပြည့်ချရေးထားသည့်အကြမ်းစာရွက်ကိုခေါက်လိုက်၏။ ခေါက်ရင်းတန်းလန်းမှာပဲ အနောက်ကအရူးကောင်ရဲ့လိုက်ထောက်ခံနေသံအားကြားလိုက်ရပါသည်။

"တကယ်ကိုခက်တယ်။"

ဟယ့်ကျောင်းမှာ ဘယ်လောက်မှမဖြေဘဲ အစောကတည်းကဘောပင်ကိုပစ်ချထားပြီး ထောင့်၌ထိုင်ကာ ပုံစံကတက်ကြွမှုအလျဉ်းမရှိ။ ကိုယ်ထက်တွင် ကျောင်းဝတ်စုံကိုဝတ်မထား ၊ လက်တစ်ဖက်ကမေးကိုထောက်ထားရင်း ဘေးနားကကျောင်းသားထံစကားလှမ်းပြောနေ၏။

"မေးခွန်းတောင်နားမလည်ဘူး။"

". . . . . ."
ဒရာမာခင်းလို့ကောင်းနေသေးတာ။

ရှဲ့ယွီသည် အနောက်သို့အသာလေးမှီလိုက်ရင်း လက်အားစားပွဲအောက်သွင်းကာ ဟယ့်ကျောင်းစားပွဲအားလှမ်းခေါက်လိုက်ပါသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now