"မသိဘူးလေ ရှိရင်လည်းရှိမှာပေါ့...."

"ဘာ..."

ဒေါန၏ ပြုံးယောင်ယောင် မျက်နှာပေးကို ကြည့်ကာ စစ်နိုင်း အသဲတယားယား ဖြစ်သွားရပြီးတော့မှ လှည့်သွားသော မျက်နှာလေးအား ဆွဲလှည့်ယူ၍ ပါးနှစ်ဖက်ကို ခပ်ဖျစ်ဖျစ်ညှစ်ပြီး စူထွက်လာသော နှုတ်ခမ်းလေးအား ခပ်ကြမ်းကြမ်း ဆွဲစုပ်၍ ကိုက်ချပစ်သည်။

"အ့..!"

အပြောအဆို မတက်တဲ့ နှုတ်ခမ်းလေးတွေကို အချိန်အတော်ကြာ အပြစ်ပေးပြီးသွားတော့မှ ပြန်ခွာလိုက်တော့ ပန်းရောင်ရင့်နေသော မျက်နှာလေးဖြင့် အသက်ရှုမှားနေတာလေးကို ကြည့်၍ စစ်နိုင်း မချင့်မရဲ ဖြစ်သွားရတော့သည်။ရဲစိုနေသော နှုတ်ခမ်းလေးအား လက်ညှိုးလက်မဖြင့် ပွတ်ဆွဲပြီးတော့မှ...

"ကိုယ်က အတ္တကြီးတယ် မင်းကို ကိုယ့်တစ်ယောက်ထဲကပဲ သက်ဆိုင်နေတယ် ဆိုတာမျိုးလေးပဲ ဖြစ်ချင်တယ်"

စစ်နိုင်း၏ စကားကြောင့် ဒေါန၏ မျက်ဝန်းများထဲ အဓိပ္ပါယ်ဖော်ရခက်ခဲသော အရိပ်တချို့ ဖြတ်ပြေးသွားလေတော့သည်။

"ဟိုမှာတုန်းက One night standတွေ အများကြီးနေခဲ့ဖူးတယ် သူတို့ကိုကျတော့ တစ်ညပြီးသွားရင် နောက်ထပ်တစ်ခါ ဆိုတဲ့ အာသီသမျိုး မဖြစ်မိဘူး.."

ပြောရင်းဖြင့် စစ်နိုင်းက ဒေါန၏ နဖူးပေါ်ဝဲကျနေသော ဆံနွယ်လေးများအား သပ်တင်ပေးပြီးတော့မှ...

"မင်းနဲ့ကျတော့ မတူဘူး မင်းနဲနေပြီးထဲက ကိုယ်ဆန္ဒတွေက မင်းနဲမှ တောက်လောင်ချင်တယ် မင်းကိုပဲ တမ်းတနေတယ်
ထပ်ခါထပ်ခါ ဖြစ်ပေါ်မိတဲ့ စိတ်ဆန္ဒတွေကလည်း မင်းဆီမှာပဲ မင်းက ကိုယ့်အတွက် one night stand ဆိုတာထက်ကိုပိုတယ်"

မက်မက်မောမောအကြည့်နှင့် လှိုက်လှိုက်လှဲလှဲ ရှိလှသော စစ်နိုင်း၏ စကားများကြောင့် ဒေါန တစ်ကိုယ်လုံး ဖိန်းတိန်းရှိန်းတိန်းဖြင့်။one night standဆိုတာထက်ကို ပိုတယ်ဆိုတာ ဘာကိုများ ဆိုလိုချင်တာလဲ။စိတ်က အတွေးများသွားရတော့ ရင်ဘတ်ထဲကကောင်က တဒိန်းဒိန်း ခုန်ပေါက်နေတာ ဇောင်းကလွှတ်လိုက်တဲ့ မြင်းအတိုင်း ကဆုန်စိုင်းနေလေသည်။ကိုယ့်ရင်ခုန်သံကို အတိုင်းသား ပြန်ကြားနေရတော့ စစ်နိုင်းများ ကြားသွားလေမလား စိုးစိတ်ဖြင့် နှုတ်ခမ်းကို ခပ်ဖိဖိကိုက်ထားကာ အသက်ကိုပါအောင့်ထားမိသည့်အထိ။

Green Eye(complete)Where stories live. Discover now