42

14.9K 2.4K 74
                                    

{Unicode}

"ကျွန်တော့်ကို ခေါ်သွားပါ"

ယဲ့ထင်သည် တံခါးဝတွင် အတောင့်လိုက်ကြီး ရပ်နေပြီး အိပ်ခန်းထဲမှ မြင်ကွင်းကို ကြည့်နေသည်။

ရန်ကျားလိသည် သူ့အပေါ်တွင် ထားရှိခဲ့ဖူးသည့် ခုခံကာကွယ်မှု ပုံစံမျိုး စိုးစဥ်မျှပင် မရှိတော့ဘဲ ကျောက်ရှန့်ဟိုင်ဆီသို့ မိမိသဘောနှင့် မိမိတိုးကပ်သွားလေသည်။ မျက်လုံးထဲတွင်လည်း အသက်မဲ့နေသကဲ့သို့ မှုန်ရီပျိုးမှိုင်း အငွေ့အသက်များ ပျောက်ကွယ်သွားကာ ဆန့်ကျင်ဘက်အနေဖြင့် ယုံကြည်ထိုက်သူ တစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ မျက်လုံးအောက်ခြေမှပင် ခပ်ရေးရေး တောက်ပမှုတို့ ဖြစ်တည်လာပေ၏။

ယဲ့ထင်သည် မိမိ၏ နှလုံးသားက မိမိကို ဖျစ်ညှစ်နေသည်ဟုသာ ခံစားနေရသည်။

ရင်ဘတ်ထဲတွင် ကတိုက်ကရိုက်ဆန်သည့် အက်ဆစ်ဓာတ်များနှင့် အောင့်သက်သက် နာကျင်မှုများက လှိမ့်တက်လာပြီး အသက်ရှူရသည်မှာလည်း တစ်မုဟုတ်ချင်း နှေးကွေးလေးကန်သွားသည်။ ရေခွက်ကို ကိုင်ထားသည့် လက်၏ လက်ဖမိုးပေါ်တွင် စိမ်းပြာရောင် သွေးကြောမျှင်များ ရုတ်ချည်း ပေါ်လွင်လာပြီး ဖန်ခွက်သည်ပင် ဤပြင်းထန်သော အားပြိုင်မှုအောက် အက်ကွဲတော့မတက်ပင်။ သူ၏ မျက်လုံးသည်လည်း ခဏတွင်းချင်း နီတောက်လာပြီး မျက်လုံးထဲမှ ရူးသွပ်သွားသော ခံစားချက်များကလည်း ရုပ်လုံးကြွလာသည်။

သူ့ရဲ့ လူက၊ သူ ပွေ့ဖက်ပေးတာကိုတော့ မလိုချင်ဘဲ အခြားယောကျာ်းတစ်ယောက်၏ ဖက်တွယ်မှုကိုကျ ယုံကြည်ကိုးစားနေသည်တဲ့။

အကယ်၍သာ ရန်ကျားလိ ရောဂါရှိနေမှန်းသာ မသိခဲ့လျှင် ယဲ့ထင်တစ်ယောက် ဤသို့သော အခြေအနေတွင် သေချာပေါက် အရူးတပိုင်း ဖြစ်သွားပေလိမ့်မည်ဟု ခံစားမိသည်။

သူသည် ရန်ကျားလိအား မိမိတစ်ယောက်တည်းသာ မြင်ရနိုင်မည့် နေရာလေးတွင် လှောင်ပိတ်ထားချင်သည်။ အကြင်သူအား ထွက်ပြေး လွတ်မြောက်ခွင့် မပေး၊ မိမိကိုလည်း ခုခံစေခြင်း မပြု၊ လက်ထိတ်ခတ်၊ လှောင်ကြိုးများနှင့် ချည်နှောင်ကာ မိမိ၏ အရာအားလုံးကို လက်ခံခိုင်းပြီး ရူးမတက် အတင်းအကျပ် ပိုင်ဆိုင်ချင်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now