{ 10.2 _end_}

257 38 49
                                    

[ Zawgyi]

" ဒီနေ့ကစပြီး မင်းက ငါပိုင်တဲ့ နယ်ရုပ်လေးပဲ kyungsoo ''

မျက်ရည်တွေပြည့်နေတဲ့ Kyungsoo ရဲ့ မျက်နှာကို ကြည့်ပြီး အားနာမှု့တစ်စွန်းတစ်စကို မဖြစ်မိ။ မသိဘူး Kyungsoo။ မင်းအပေါ် လွန်နေပြီလား ငါမသိချင်ဘူး။ သိခဲ့ရင်လဲ အတ္တခေါင်းစဉ်တက်ပြီး မင်းကို ညှာမှာမဟုတ်ဘူး။ မှားယွင်းတဲ့ ဖြစ်တည်မှု့တွေမှာ မြေစာပင်ဖြစ်လာရတဲ့ မင်းရဲ့ ဖြစ်တည်မှု့ကိုပဲ အပြစ်တင် kyungsoo.
ဲ့
' ခွပ် ! '

" appa ! ''

Mr.Doh ရဲ့လက်သီးချက်ကြောင့် chanyeol အရှိန်မထိန်းနိုင်ပဲ နောက်သို့ လှဲကျသွားသည်။ သွားထူပေးဖို့ လုပ်နေတဲ့ jungsoo ကို baekhyun မလွှတ်ပေးပဲ ဆွဲထားလိုက်သည်။ chanyeol ဘေးမှာ ဒူးပဆစ်တုပ် ထိုင်ပြီး chanyeol ကို ထူပေးနေတဲ့ kyungsoo ကို Mr.Doh မကြည့်တော့ပဲ မျက်နှာလွှဲလိုက်သည်။

" တောက်စ် ! ''

Mr.Doh ရဲ့ တောက်ခေါက်သံသည် ကျယ်လောင်စွာ ဖုံးလွှမ်းသွားပြီးနောက် chanyeol ရဲ့ ရီသံခပ်ရွဲ့ ရွဲ့ ကို တစ်ဆက်တည်း ကြားရသည်။ နှုတ်ခမ်းထောင့်မှ စို့နေသည့် သွေးစအချို့ကို မသုတ်ပဲ chanyeol ထလာသည်။ ပွဲကြည့်ပုရိသတ်ဖြစ်နေကြသော လူအများရဲ့ တီးတိုးစကားသံသည် ဘုရားကျောင်းခေါင်မိုးမှ ခိုငြီးသံများနှင့် ရောယှက်သွားသည်။

" လက်မခံဘူး ဆိုတဲ့ သဘောပေါ့။ Mr.Doh ခင်ဗျား လက်မခံလဲ ကျွန်တော် ဂရုမစိုက်ဘူး။ "

Mr.Doh ရဲ့ မျက်နှာကို စေ့စိုက်ကြည့်ရင်း အသေအချာပြောသည်။ Mr.Doh ရဲ့ လက်သီးဆုပ် ပိုပြီးတင်းကြပ်သွားသည်ကို လက်ဖမိုးသွေးကြောများ ထောင်လာခြင်းမှ သိနိုင်သည်။

" မင်း...! "

" ခဏ ... "

ထပ်ထိုးရန်ပြင်သည့် Mr.Doh ရဲ့ လက်တွေကို လှမ်းဖမ်းဆုပ်ရင်း မညှပ်ဖြစ်လို့ ပိုရှည်လာသည့် မျက်နှာရှေ့က အနီရောင်ဆံနွယ်များကို အောက်နှုတ်ခမ်းပင့်ပြီး လေဖြင့်မှုတ်လိုက်သည်။ မျက်ခုံးပင့်ရင်း jungsoo ကို တစ်ချက်လှမ်းကြည့်သည်။

" ခင်ဗျားသဘော မတူတာတောင် သည်းငယ်... အိုး ဆောရီး။ jungsoo နဲ့ ကျွန်တော်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြသေးတာပဲ။ jungsoo ရဲ့ အစ်ကိုဖြစ်တဲ့ kyungsoo လဲ အတူတူလောက်ပဲ။ "

|| LOVE in HURT || Z+UWhere stories live. Discover now