|| 23 || Unicode

Mulai dari awal
                                    

"မင်းချိန်းတွေ့လို့ ငါဒီလိုလုပ်တယ်လို့
မင်းကို ဘယ်သူပြောလဲ"

"မဟုတ်ဘူးလား"

"မဟုတ်ဘူး"

"အဲ့တာဆို ချိန်းတွေ့လို့ ရတယ်ပေါ့"

"မရဘူး"

"မဟုတ်ဘူးဆို"

"မဟုတ်ဘူး မရဘူး"

"မင်းဟာကလဲ..."

"အင်း အဲ့လိုပဲ"

........................................................................

နေ့ရက်တွေက တရွေ့ရွေ့ကုန်ဆုံးသည်။
ရှောင်းကျန့်က လီယို့ကို ပုံမှန်လိုပဲ နွေးနွေးထွေးထွေး၊ ပေါ့ပေါ့ပါးပါး ဆက်ဆံသည်။ ဒီလမ်းခွဲမှုက သူတို့နှစ်ယောက်၏ဆက်ဆံရေးအပေါ်
မည့်သို့မျှ မထိခိုက်စေပါပေ။
ရိပေါ်ကတော့ ထုံးစံအတိုင်း ရှောင်းအကို​ကြီး
ဘေးနားမှာပဲ အချိန်တွေကုန်ဆုံးစေသည်။

"ဘာသာစုံ Grade A?"

ရှောင်းကျန့်က ရိပေါ်ကို တအံ့တသြကြည့်ကာမေးသည်။

"​မင်း မြင်တဲ့အတိုင်းပဲလေ"

"တော်လှချည်လား"

"အင်း"

"အရင်ကတည်းက အဲ့လို ကြိုးစားခဲ့ပါ့လား"

"ခုမှ ကြိုးစားချင်စိတ်ပေါက်လာလို့"

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

"ဆုမချတော့ဘူးလား"

"ပြောကြည့်လေ ဘာလိုချင်လို့လဲ"

"မင်းရဲ့အထက်တန်းနောက်ဆုံးနှစ်
finalစာမေးပွဲနောက်ဆုံးရက်ကျ မင်းနဲ့နှစ်ယောက်တည်း လျှောက်လည်ချင်တယ်"

"..."

"ရလား"

"ဒါပဲလား"

"အင်း"

"ရပါတယ်
လျှောက်လည်ကြတာပေါ့"

"အင်း"

"Finalမှာလည်း ဒီလိုကြိုးစားနော်"

"အင်း"

"Private studyပေးမယ့်ရက်ကလည်း သိပ်မလိုတော့ဘူးလေ
ဒီကြားထဲ ငါ မင်းနဲ့ အရင်လို တွေ့ပြီး အချိန်ဖြုန်းနိုင်မှာ မဟုတ်တော့ဘူး သိလား
စာသေချာလုပ်"

"မင်းလာမတွေ့ရင် ငါလာတွေ့မှာပဲလေ"

"ပြောနေကြတာများ မသိရင် အဝေးကြီးခွဲနေတာ ​ကျနေတာပဲနော် ရယ်စရာကြီး"

"ငါကလည်း အဝေးကြီးခွဲမနေနိုင်ပါဘူး"

"..."

နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုက ခဏတာ ကြီးစိုးသွားသည်။

"ရိပေါ် "

"..."

"ငါ အထက်တန်းပြီးသွားရင်
မင်းနဲ့တူတူ ကျောင်းသွားလို့ရတော့မှာ မဟုတ်တော့ဘူးနော်"

"ငါလည်း အထက်တန်းမြန်မြန်ပြီးအောင်တက်ပြီး မင်းနောက်လိုက်ခဲ့မယ်လေ"

"ရိပေါ် တကယ်ဆို ငါတို့ ငယ်ငယ်ကတည်းကမခွဲမခွာ အတူရှိခဲ့ပေမယ့်
တစ်နေ့ လူကြီးတွေဖြစ် ၊ လုပ်ငန်းခွင်တွေဝင်
ကြရင် ခွဲခွာကြရဦးမှာပဲ
မမြင်နိုင်တဲ့ ကံကြမ္မာလည်း ရှိသေးတာပဲနော်"

ရှောင်းကျန့်စကားအဆုံးမှာ ရိပေါ်က မျက်မှောင်ကုတ်၍ ရှောင်းကျန့်ကို စိုက်ကြည့်သည်။

"ဘာသဘောလဲ"

"သြော် မဟုတ်ပါဘူး
မင်းက မခွဲနိုင်ဘူးပြောတော့
ငါစဥ်းစားမိသွားတာလေး ပြောပြတာပါ"

"ဘာလဲ မင်းက ငါနဲ့ခွဲနိုင်လို့လား"

"အမှန်အတိုင်းပြောရမှာလား
လိမ်ပြောရမှာလား"

"လိမ်ပြော"

"ခွဲနိုင်တယ်"

"ဟမ်"

"ခွဲနိုင်တယ်လို့ မင်းပဲ လိမ်ပြောဆို"

"ဒါဆို မခွဲနိုင်ဘူးပေါ့နော်"

"သြော် ခွဲနိုင်ပါတယ်ဆို"

"အဲ့တာ လိမ်ပြောတာဆို"

"အင်းလေ"

"အမှန်အတိုင်းပဲပြောတော့"

"လိမ်ပဲပြောတတ်တာ"

"ရှောင်းကျန့်!"

"ဘာလဲ မင်းပဲ လိမ်ပြောဆိိုလို့ ပြောတာကို"

"မသိဘူးကွာ
ခွဲစကား နောက်ထပ်မပြောနဲ့
ပြောရင်..."

"ပြောရင်...ဘာဖြစ်လဲ"

"မပြောနိုင်အောင် မင်းပါးစပ်ကို ပိတ်ပေးမယ်"

"အောင်မာ... "

"မင်းပါးစပ်ကို ပိတ်ပစ်မယ်"

"..."

"ငါ့နှုတ်ခမ်းနဲ့"

........................................................................

AN/ အပိတ်ခံချင်တယ်လို့ လာမန့်မယ့်သူတွေရှိရင် ဝမ်ရိပေါ်က ပိတ်ပေးပါ့မယ်တဲ့
<တိပ်နဲ့>

By Fair Means or Foul || Completed ||Tempat cerita menjadi hidup. Temukan sekarang