မေမေပြောပြတာတော့ သူငယ်စဥ်က ဘိုးဘိုးကြီးကိုကြည့်ကာ "ဘိုးဘိုးကြီးက ဘာလို့တစ်ယောက်
တည်းမသွားနိုင်ဘဲ ဒီလိုဖြစ်တာလဲ"လိုမေးခဲ့ဖူးသည်တဲ့။

လူကြီးများက"အသက်ကြီးလာတိုင်း လူတိုင်းဒီလို့ဖစ်မှာပဲ။ ချင်းယွီလေးလည်း တနေ့ကျရင် ဘိုးဘိုးကြီးလိုအိုလာမှာ" လို့ပြောကြတော့ "မအိုချင်ဘူး"လို့ဆိုကာ ကြမ်းပြင်မှာလူးလိမ့်ငိုခဲ့သေးတယ်တဲ့။အသက်ကြီးနေတဲ့ဘိုးဘိုးကြီးအပါအဝင် လူကြီးတွေအကုန်လုံးက ရယ်ပွဲကျခဲ့ကြတယ်တဲ့။ အခုတော့ လူကြီးဖြစ်ပြီး ရင့်ကျက်သွားပြီဆိုပေမယ့် လူးလိမ့်မငိုတော့ပါသော်လည်း သူတကယ်ကိုမအိုချင်ပါဘူး။

သို့သော်လည်း ခန္ဓာကိုယ်ထိန်းသိမ်းပြုပြင်ခြင်းဆိုင်ရာ အလှအပများကိုဖြင့်သူမလုပ်ပါ။
ရုပ်ရှင်မင်းသားမော်ဒယ်တချို့လို အသားအရေအတွက် ဘာညာ ဘာညာလိမ်းခြင်းတို့ဘာတို့က
သူ့အတွက်တော့ စိတ်ရှုပ်ခြင်းပင်။၎င်းတို့ကို စိတ်မဝင်စား၊ဝါသနာမပါပါ။နောက်ပြီး သူကယောကျာ်းရင့်မာကြီးတစ်ယောက်ဖြစ်ပြီး အနုပညာရှင်လည်းမဟုတ်ပါ။မအိုချင်တာက မအိုချင်တာပေ တစ်ကဏ္ဍစီသပ်သပ်ဖြစ်သည်။
ယခင်ဘဝကဖြင့်ထိုအရာများကိုပြုလုန်ရန် အချိန်မရှိငွေမရှိဟူ၍ ကိုယ့်ဘာသာကို အကြောင်းပြခဲ့သည်။လက်ရှိကာလတွင်မူ ငွေရှိသော်လည်း အချိန်မရှိဟူ၍ထပ်မံရှောင်
လွှဲပြန်သည်။သူတော့ မြန်မြန်အိုတော့မည်ထင်သည်။

"ဦးဦးလို့"

ကလေးငယ်က ပိုင်ချင်းယွီ၏ဘောင်းဘီစကိုအသာဆွဲကာထပ်မံခေါ်ဆောင်လာသည်။
ပိုင်ချင်းယွီကလည်း ခေါင်းကိုရှေ့တည့်တည့်သို့သာ မျက်နှာမူထားပြီး မကြားချင်ယောင်ဆောင်ထားသည်။

"ဦးဦး"

ပိုင်ချင်းယွီ : "......." ဆက်လက်တိတ်ဆိတ်လျက်......

"ဦးဦး"

ကလေးလေးသည် ပိုင်ချင်းယွီထံမှစကားပြန်မရသောကြောင့် စိတ်အနည်းငယ်ဆိုးလာကာ သူ၏လက်ဖောင်းဖောင်းလေးဖြင့် ပိုင်ချင်းယွီအား ဆိတ်ဆွဲတော့သည်။

"အ"

ပိုင်ချင်းယွီမှာ အရမ်းကြီးမနာကျင်သော်လည်း အနည်းငယ်တော့ အောင့်မျက်မျက်လေးဖြစ်သွားရသည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now