Chapter 7: Go farming together

5.7K 953 2
                                    

Unicode

" ဒါက မင်းအတွက်... " ​ရှောင်ကျင့်ထျင်က ​ရှောင်​ရှောင်တုန့်ကို ပေါင်မုန့် ပေးလိုက်တယ်။

​ရှောင်​ရှောင်ဖန်က ​ရှောင်​ရှောင်တုန်ရဲ့ လက်ထဲက မုန့်ကိုကြည့်ပြီး တံ​တွေးမျိုချလိုက်တယ်။

​ရှောင်​ရှောင်တုန်က ​ရှောင်​ရှောင်ဖန်ကို သူ့လက်ထဲက ပေါင်မုန့်ကို ပေးချင်​သော်လည်း ​ရှောင်ကျင့်ထျင်က ​ရှောင်​ရှောင်ဖန့်ကို မုန့်ထုတ်​ပေးလိုက်ပြီဖြစ်သည်။

" ဒါက ငါ ​​ရှောင်ဖန့်ကို ပေးခဲ့တာ... သုံးခုထဲ ထည့်မတွက်ဘူး " ရှောင်ကျင့်ထျင်သည် ​ရှောင်​ရှောင်တုန့်ကို မကြည့်ဘဲ ​ရှောင်​ရှောင်ဖန့်ရဲ့ ဖရဲသီးလို​ခေါင်း​လေးကို ပွတ်သပ်လိုက်ရင်း ရှင်းရှင်း​လေး​ပြောလိုက်သည်။

​ရှောင်​ရှောင်ဖန်က ပေါင်းထားတဲ့ ပေါင်မုန့်ကိုယူပြီးတာနဲ့ ပါးစပ်အပြည့်ကိုက်လိုက်ပြီး စားနေရင်းနဲ့ ​ရှောင်​ကျင့်ထျင်ကို ပြုံးပြလိုက်တယ်။

​ရှောင်​ရှောင်တုန်က ​ရှောင်ကျင့်ထျင်ကို ထူးဆန်းစွာကြည့်လိုက်၏။ သူ့စိတ်​တွေ အရမ်းရှုပ်ထွေးလာတယ်။ ​
ရှောင်ကျင့်ထျင် သူ့(​ရှောင်​ရှောင်တုန်)အပေါ်ထားတဲ့သဘောထားက သူ့(​ရှောင်​ရှောင်ဖန်)ထက် အမြဲတမ်း ပိုကောင်းသည်။ သူ၏အဓိက အရည်အချင်းမှာ သစ်သားဖြစ်ပြီး၊ သူသည် ​ရှောင်ကျင့်ထျင်နှင့်တူသည်။ သူသည် သူ့သားဖြစ်ကြောင်း သံသယမရှိသော်လည်း သူ့ညီနှင့် မတူ​ပေ။

သူ့ညီလေးမှာ ဦးနှောက်ပြဿနာရှိရုံတင်မကဘဲ သူ့အဓိက အရည်အချင်းကတော့ သူ့အဖေနဲ့​​​ဖေ​ဖေနောက်ကို လိုက်ဖို့ဖြစ်ပြီး မ​ကောင်းတဲ့စိတ်အ​ခြေအ​နေ​ကြောင့် ဝိညာဥ်စွမ်းအား မဖွဲ့စည်းနိုင်​ပေ။ ​ရှောင်ကျင့်ထျင်က သူ့ညီအပေါ်ထားရှိသော သဘောထားသည် အမြဲမ​ကောင်း​ပေ။

​ရှောင်ကျင့်ထျင်၏ ညီငယ်အပေါ်ထားရှိသော သဘောထားပြောင်းလဲသွားသည်ကိုမြင်လျှင် ​ရှောင်​​ရှောင်တုန် စိတ်သက်သာရာရသွားကာ ခံစားချက်အနည်းငယ်ကွာခြားသွားသည်။

" လယ်ထဲ သွားမှာလား။ " ​ရှောင်​ရှောင်တုန်က မေးသည်။

​ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး " ဟုတ်တယ် "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now