21

17.6K 2.4K 322
                                    

{Unicode}

"ယဲ့ခွေးကြမ်းတမ်း
ရိုင်းဆန်သောတစ်ဖက်ခြမ်း"

Trigger Warning// This part may contain sexual abuse or violence. If you have any of these types of allergies, please skip a certain part.

ယဲ့ထင်သည် ကုတင်ပေါ်တွင် လဲလျောင်းနေသော ရန်ကျားလိ၏ မျက်နှာလေးအား ဆွဲမော့လိုက်သည်။

ရန်ကျားလိသည် အယ်ကိုဟောဒဏ်ကြောင့် ယစ်မူးရီဝေနေလျက်ရှိပြီး အသိစိတ်မှာလည်း လုံးလုံးလျားလျား ရှိမနေတော့ချေ။ လက်နှင့် ခြေထောက်သည်လည်း ပျော့ခွေနေပြီး ယဲ့ထင်၏ ကလိမ်ကျပြီး ကစားကျီဆယ်နေမှုအား ပြန်လည် ခုခံနိုင်စွမ်း အလျင်းမရှိ။ မျက်လုံးလေး မပွင့်တပွင့်နှင့် လည်ချောင်းထဲမှ မပြတ်မသား ညည်းညူနေသည်။

ယဲ့ထင်သည် မိမိ၏ နက်ခ်တိုင်ကို ဖြုတ်လိုက်ပြီး ရန်ကျားလိ၏ မျက်လုံးပေါ် အုပ်ကာ စည်းမိုးထားလိုက်သည်။

ရန်ကျားလိသည် ပင်ကိုယ်စိတ်လေးအရ မသက်မသာ ဖြစ်လာပြီး တိုးတိုးလေး ရေရွတ်နေသည်။

"အိမ်ပြန်ချင်တယ်..."

ယဲ့ထင်သည် သူ၏ရှပ်အင်္ကျီကို ချွတ်ချလိုက်ပြီး သန်မာကျစ်လျစ်သော ရင်အုပ်ကို လစ်ဟဖော်ပြထားသည်။

သူသည် ရန်ကျားလိ၏ နီရဲကာ ပူကျစ်နေသော မျက်နှာလေးအား ချစ်မြတ်နိုးစွာနှင့် ထိကိုင်ပွတ်သပ်နေရင်း ကိုယ်ကိုကိုင်းလိုက်ပြီး ရန်ကျားလိ၏ နားသံစပ်လေးနားကပ်ကာ

"ကိုယ့်ကိုတောင် အကြွေးပြန် မဆပ်ရသေးတာ၊ မင်းကဘယ်ကို ပြန်ချင်နေရတာလဲကွာ"

သူသည် လက်မ,သုံးကာ ရန်ကျားလိ၏ နှုတ်ခမ်းလေးကို ခပ်ဖွဖွ ပွတ်သပ်သည်။ ရုတ်တရက် မျက်လုံးထဲမှ အရူးအမူးဖြစ်နေသော စိတ်အစဥ်တို့ ရုပ်လုံးကြွလာပြီး

"ပေါင်ပေါင်း၊ မင်းကတော့ မသိလောက်ဘူးပေါ့။ မင်းကိုယ့်ဆီက ထွက်သွားတဲ့ နှစ်တွေမှာ ကိုယ်မင်းကို ကိုယ်တိုင် ပြန်ပေးဆွဲပြီး ခေါ်လာဖို့ ဘယ်နှစ်ကြိမ်လောက် စဥ်းစားခဲ့မိလဲတောင် မသိဘူးကွာ။ မင်းကိုလှောင်ပိတ်ထားပြီး မင်းမပျော်လို့ ငိုနေရင်တောင် ကိုယ်ကမင်းကို လုံးဝလက်လွှတ် ပေးလိုက်မှာမဟုတ်ဘူး"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now