{ 7 }

198 36 56
                                    

[ zawgyi ]

" ကိုကြီး ... "

ခပ်တိုးတိုး သူ့နာမည်ကို မဝံမရဲခေါ်လာတဲ့ jungsoo ရဲ့ အသံကြောင့် ရေပတ်တိုက်ပေးနေရာမှ ပြုံးပြလိုက်သည်။

" ကိုကို... အခုထိ မပြန်လာသေးဘူးလား။ "

ဖြူဖျော့နေလွန်းတဲ့ မျက်နှာလေးက မြင်နေရတာတောင် မောပန်းစေသည်။ chanyeol ကလဲ သူတို့ဆီ ပြန်မလာတာ လေးရက်ရှိပြီ။ အဲဒီနေ့တုန်းက chanyeol က jungsoo ကို ကားပေါ်ကနေဆင်းခိုင်းပြီး တရကြမ်း မောင်းထွက်သွားသည်ဟု jungsoo က ပြောသည်။ jungsoo ကတော့ စိုနေတဲ့ အင်္ကျီကြောင့်ရော မိန်းလမ်းမကြီးရဲ့ဘေးမှာ စိတ်ပျက်လက်ပျက် ထိုင်နေမိရာမှ ဖျားနေတာ အခုထိပင်။

" စိတ်ထဲ ထားမနေနဲ့။ ကိုယ့်ကိုယ်ကိုယ်ပဲ နေပြန်ကောင်းအောင်နေ။ "

" ဒါပေမဲ့ ကျွန်တော့်ကြောင့် ... "

" Doh jungsoo .. !!! တော်လိုက်တော့ ! "

သူအော်လိုက်တော့ အဖျားရှိန်ကြောင့် အားငယ်နေတဲ့ jungsoo က ချက်ချင်းဆိုသလို မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာသည်။ မသိဘူး။ အခုချိန် စိတ်တွေ လေနေတာပဲသိတယ်။

" အဟင့်။ ကိုကြီးလဲ.. ကျွန်တော့်ကို .. စိတ်ပျက်နေပြီ.. မလား။ "

ရေပတ်တိုက်ထားတဲ့ အဝတ်စတွေကို ဇလုံထဲ တမင်ဆောင့်ကာ ပစ်ထည့်လိုက်ရင်း ထိုစကားကို ကတုန်ကယင်ပြောနေတဲ့ jungsoo ကို သေချာစိုက်ကြည့်လိုက်သည်။

" ပျက်တယ်။ အကုန်လုံးက စိတ်ပျက်စရာတွေချည်းပဲ။ "

Doh kyungsoo ဆိုတဲ့ ငါရောပဲ။

" ငါ ဒီထက်ပို စိတ်မပျက်ရဖို့ နေကောင်းအောင်ပဲ နေစမ်းပါ။ ခဏနေ baekhyun sam လာလိမ့်မယ်။ "

ရေဇလုံကို သယ်ပြီး jungsoo ရဲ့ အခန်းထဲမှ ထွက်လာလိုက်သည်။ ထမင်းစားပွဲပေါ် ထိုရေဇလုံကို ဆောင့်ချလိုက်တော့ စားပွဲပေါ်သို့ ရေစက်အချို့ ဖိတ်စင်ကျသွားသည်။ ထိုရေစက်တို့ကို ငေးနေရင်းနဲ့မှ ထိုင်ခုံပေါ်သို့ စိတ်ပျက်စွာထိုင်ချလိုက်သည်။

" ဟူးးးး ။ "

သက်ပျင်းတစ်ချက်ကို အားရပါးရချလိုက်ရင်း တစ်ရက်ပိုတိုမည့် ကျွန်တော့်အသက်ကို တွေးမိသည်။ တစ်နေ့တစ်နေ့ ပူလောင်စွာ တွေးပူနေမိတဲ့ အကြောင်းတွေထဲ အဲဒီ Park chanyeol ဆိုတဲ့ လူသားက ပိုင်စိုးပိုင်နင်း နေရာယူနေသည်။

|| LOVE in HURT || Z+UWhere stories live. Discover now