Part 8

202 26 24
                                    

Newတို့ရဲ့ စာမေးပွဲနောက်ဆုံးနေ့........

Newနဲ့ Gunစာမေးပွဲဖြေပြီး ကျောင်းရှေ့ရောက်တော့ Newက.....

" Gun..... "

" ပြောလေ "

" ဒီကပြန်ရင် ဟိုလူကြီးဆီသွားမှာမလား "

" အင်း "

" ကောင်းကောင်း ဆက်ဆံနော် "

" အင်းပါ ငါသိပါတယ် "

Newလဲ သူတို့နဲ့ မနီးမဝေးလေးမှာ ရပ်ထားတဲ့ Offကားကို လက်ညှိုးထိုးပြပြီး

" ဟိုမှာ P Offရောက်နေပြီ ငါသွားတော့မယ် "

" အင်း Bye Bye "

Gunလဲ Newထွက်သွားတော့ ရပ်ထားတဲ့ ကားဆီသွားကာ တက်ထိုင်လိုက်တယ် ........

သူနဲ့ Offက Tay Tawanဆိုတဲ့ သူ့မမချစ်သူရှိတဲ့ ဆေးရုံကို သွားကြမှာ .....

မေမေပြောပြဖူးတယ် အဲ့လူကြီးက မမ မရှိတော့တဲ့ နောက်ပိုင်း အရမ်းခံစားရပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့်ထိ လုပ်ခဲ့တာလဲ အကြိမ်ပေါင်းများစွာတဲ့ ......

ကျနော်အစက မမသေရတာ အဲ့လူကြီးကြောင့်လို့ ထင်ခဲ့ပြီး မုန်းခဲ့ပေမဲ့ အခုမမုန်းတော့ဘူး.....

ဘာလို့ဆို ကျနော့်မမတို့ accident ဖြစ်တဲ့နေရာက Newတို့ cafeဆိုင်နဲ့ မလှမ်းမကမ်းလေးမှာ....

Accident ဖြစ်တဲ့အချိန်ကို ရှုထောင့်ပေါင်းစုံက ကား black boxနဲ့ ဘေးနားက ဆိုင်တွေက CCTV တွေမှာ သေချာကြည့်ခဲ့ရတယ်.....

အဲ့လူကြီးတို့ကားက သူ့ဘာသာလေး မောင်းနေပေမဲ့ ရှေ့ကမောင်းလာတဲ့ ကုန်တင်ကားကြီးက ဘရိတ်ပေါက်ပြီး အရှိန်ထိန်းလို့မရဘဲ တိုက်မိသွားတာ.....

ကျနော်အဖြစ်မှန်တွေ အားလုံးသိပြီးတဲ့အချိန် အဲ့လူကြီးကို ပြောခဲ့တာတွေ ထိုးခဲ့တာတွေတွက် အရမ်းနောင်တရတာပဲ..........

သူက အရမ်းသနားစရာကောင်းတယ် ကျနော့်မမ ဆုံးတာ 3လကျော်သွားတာတောင် ဆေးရုံတက်နေရသေးတာ.....

ကျနော်လေ အဖြစ်မှန် သိပြီး အဲ့လူကြီးကို တွေ့ပြီး သွားတောင်းပန်ဖို့ လုပ်ခဲ့ပေမဲ့ အဲ့လူကြီးက အချိန်ပြည့် ကိုယ့်ကိုကိုယ် ဒါဏ်ရာ အသစ် အသစ်တွေ ထပ်လုပ်ပြီး သတိမေ့နေလို့ သေချာ မတွေ့ခဲ့ရဘူး .......

Smile And Lose Where stories live. Discover now