"အဟမ်း အင်းသုတ်လိုက်"

ရှောင်ကျန့်လဲ သပတ်ကို ယူကာ ဆံပင်တွေကို လျှင်မြန်စွာ သုတ်လိုက်သည်။ ထိုအရာ အားလုံးကို မြင်နေရသော ဒရိုင်ဘာမု ပါးစပ်ဟာ အံသြမှုနဲ့ ထပ် ပါးစပ်ကြီး တတောင်လောက် ထပ်ကျယ်သွားပြန်သည်။ ((ဒရိုင်ဘာမု သွေးအန်🤣))

ဝမ်ရီပေါ်က ငယ်ငယ်ထဲက သူ့ပစ္စည်းဆို သူများထိတာ မကြိုက်ပေ။ မိသားစုတောင် ချွင်းချက်မရှိခဲ့ဘူး။

ရှောင်ကျန့်က သူ့ဆံပင်တွေ ခြောက်သွားတော့ ထိုလူကြီးကို ကြည့်လိုက်သည်။ ထိုလူကြီးက အခုထိ ရေစိုနေတဲ့ ဆံပင်တွေကို မသုတ်ရသေး။ ရှောင်ကျန့်ကိုယ့်ကိုကို အပြစ်တင်မိတယ်။ ငါဘယ်လိုတောင် တစ်ကိုယ်ကောင်းဆန်ပြီး တစ်ယောက်ထဲ သုတ်နေပါလိမ့်။ သူလဲ ရေစိုနေတာကို။

"ဟို.....လူကြီးမင်းလဲ ဆံပင်တွေ စိုနေတယ်"

"ရတယ်"

နှစ်လုံးထဲ ပြောပြီး တိတ်သွားသော လူကြီးကို ခဏကြည့်ပြီး အဲ့လူကြီးရဲ့ ရေစိုနေတဲ့ ဆံပင်ပေါ် သပတ်နဲ့ ရှောင်ကျန့်ကိုယ်တိုင် သုတ်ပေးလိုက်သည်။.

ဝမ်ရီပေါ်လဲ သူ့ဆံပင်လာသုတ်ပေးသော ​ကောင်လေးကို ကြည့်လိုက်သည်။ ထိုကောင်လေးက တော့ သူ့ကိုကြည့်မနေခဲ့ပေ။ သူ့ဆံပင်တွေကိုသာ မော့ကြည့်ကာ သုတ်ပေးနေသည်။

ကားမှန်ထဲကနေ အခြေအနေ အကဲခတ်နေတဲ့ ဒရိုင်ဘာမုကတော့ သွေးတစ်လီတာလောက် အန်ထုတ်ချင်မိနေသည်။ သူရဲ့ ဘော့စ်အမုန်းဆုံးက သူ့ခေါင်း (သို့) ဆံပင်ကို ထိတာ။ တစ်စိမ်းနဲ့ အတူတူကပ်ထိုင်တာ သူ့ဖိနပ် ရေစိုတာ ဖြစ်ပြီး သူ့မကြိုက်တာကိုအားလုံး သိတာကြောင့် ဘယ်သူမှလဲ မလုပ်ဖူးလေ။ အခု ဘော့စ်ရဲ့ သားနဲ့ရွယ်တူနီးပါးရှိတဲ့ ဒီကလေးကလွှဲလို့ ဒုတိယလူ လုပ်ရဲမဲ့သူ မရှိပေ။

"ရပြီး ခြောက်သွားပြီ"

သူလုပ်ချင်တာ လုပ်ပြီး သွားလေးဖြဲကာ လာပြောတဲ့ ကောင်လေးကို ဝမ်ရီပေါ် အကြည့်မလွှဲ ဘဲ ကြည့်နေသည်။ ထိုကောင်လေးက မရယ်ခင်ထဲက ချစ်ဖို့ကောင်းမှန်းသိပေမဲ့ ရယ်လိုက်သောအခါ ရှေ့က သွားနှစ်ချောင်းက ယုန်သွားလေး သဖွယ် ဖြစ်နေပြီး မျက်လုံးလေးနှစ်လုံးဟာလဲ ကြယ်ပွင့်လေးနဲ့ ဆင်တူသည်။

Arr Ah Daddy (Complete)Where stories live. Discover now