အပိုင်း ၇

3.7K 562 10
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၇ - သူ့ကိုချစ်တယ်

မုရှောင်ယ ပြန်သွားချိန်မှာ ပိုင်မိသားစုက ပိုင်ချွမ်းသက်တောင့်သက်သာဖြစ်မယ့် နေရာမှစုဝေးပြီး မု မိသားစုမှာ ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာစုံစမ်းမေးမြန်းခဲ့ကြသည်။

"ရှောင်ချွမ်း အာ ရှောင်ယရဲ့မိဘတွေကဘာပြောလဲ။" ပိုင်ကောယွိက သူ့ကုမ္ပဏီစျေးကွက်တွင် စာရင်းဝင်ချိန်ကတောင် ဒီလောင်မစိုးရိမ်ခဲ့ဖူးပေ။ 

"သူတို့က ရှောင်ယနဲ့မင်းတို့လက်ထပ်တာကို သဘောတူလား။ " လီရုန်ကပိုတိတိကျကျမေးလာသည်။

သူမေးချင်သောအရာအားလုံးကို ပါးပါးပိုင်နဲ့ မာမားပိုင်က မေးခဲ့သဖြင့် ပိုင်ကျန့်က တိတ်ဆိတ်စွာနေပြီး သူ့ညီရဲ့ အဖြေကိုစောင့်နေခဲ့သည်။

ပိုင်ချွမ်းက ဧည့်ခန်းကိုဖြတ်၍ လမ်းလျှောက်သွားကာ ဒုတိယထပ်ကိုတက်ရင်း ​လှေကားထစ်များပေါ်ကနေ စကားသုံးခွန်းသာပြောခဲ့သည်။ "သူတို့သဘောမတူဘူး "  ဒီလိုပြောပြီးတဲ့နောက်မှာ သူကရှေ့ဆက်သွားပြီး သူ့အိပ်ခန်းဝင်ကာ လော့ချထားခဲ့သည်။

"သဘောမတူဘူးလား။" ပိုင် မိသားစုမှလူသုံးယောက်က လှေကားအောက်ခြေ၌ စက်ဝိုင်းတစ်ခုလိုဝိုင်းဖွဲ့ခဲ့ကြသည်။

"အင်း၊ အမှန်တော့ နားလည်နိုင်ပါတယ်" ပိုင်ကောယွိရဲ့ ရင်ထဲမှာအနည်းငယ်ခါးသက်နေပေမယ့် ရှောင်ယ မိဘတွေရဲ့ရှုထောင့်ကနေတွေးနိုင်တုန်းဘဲ။  သူ့သမီးဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာ မူမမှန်သူတစ်ယောက်ကိုလက်ထပ်စေချင်မှာမဟုတ်ဘူး။

"အစောထဲကပြောသားဘဲ ရှောင်ချွမ်း တစ်ယောက်တည်း အဲ့ဒီကိုမသွားသင့်ဘူးလို့ " ပိုင်ကျန့် အနည်းငယ်နောင်တရသွားသည်။

ပိုင်ချွမ်းက တိတ်ဆိတ်ငြိမ်သက်သူတစ်ဦးဖြစ်ပြီး သူ့ ဦးနှောက်က သာမန်လူတစ်ယောက်နှင့်ကွဲပြားသည်။  တစ်ယောက်ယောက်က သူ့ကိုဆူပူရင်တောင် သူကဘာမှတုံ့ပြန်စရာမလိုဘူး။ ပိုင်ကျန့်က သူ့ညီကို မု မိသားစုဆီကနေ အပြစ်တင်မှုတွေရခဲ့လားဆိုတာမသိဘူး။  ပုံမှန်အားဖြင့် ပိုင်ကုမ္ပဏီ၌ရှိနေရင်တောင် ပိုင်ချွမ်းရဲ့ ရုံးခန်းကိုသူ့မျက်စိရှေ့တွင်သာနေရာချခဲ့တာဖြစ်သည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now