💔37💔

39.5K 4K 2.2K
                                    

ကြည်ပြာရောင်အသွေး....မှုံညှက်စွာနဲ့
သိပ်လှခဲ့ပါသော ကောင်းကင်ငယ်...

ခေါင်းစခြေဆုံးအပြစ်လေးတစ်ချက်ပင်မရှိ
ကောင်းကင်ငယ်ကလေးပြုံးလိုက်ရင်
တိမ်တွေတောက်တဲ့အထိ....
သိပ်ဆန်းသောအရောင်အသွေးတွေ
လောကတခွင်...ခြုံလွှမ်းပစ်နိုင်ခဲ့တယ်...။

ပြိုင်စံရှားတဲ့ နှလုံးသားငယ်နဲ့မွေးဖွားလာတယ်
ကျောက်စာတွေလိုသစ္စာတရားနဲ့
လောက အချစ်တတ်ဆုံးလေး.......။

အချစ်တရားရဲ့ ကိုယ်စားပြုနတ်ဘုရားလေးလို
ချစ်ပြတတ်မှု ညီမျှခြင်းမှာ....
အဖြေက KimTaeHyungရယ်လို့ ရှင်းလင်းတယ်....။

ကလေး ကို...အချစ်နဲ့မချည်ဘဲ
သံယောဇဉ်တွေနဲ့ ညာတာပတ်တေးချည်ပစ်လိုက်
ချင်တဲ့ လူကြီးတစ်ယောက်ဟာ သိပ်ခက်ခဲ့....
သိပ် သိပ် ကို ခက်ခဲ့.......။

"....ထယ် သူ့ ကို နမ်းခဲ့ရတယ် လူကြီး....."
ကောင်းကင်ငယ်လေး မနမ်းခဲ့လိုက်ရမှာကို
စိုးရိမ်နေခဲ့ပါတယ်ဆို......
တစိတ် ကျွန်တော် MinYoongi
တကယ်ကိုမီးကုန်ယမ်းကုန် ချစ်ခဲ့တယ်လို့
ခေါ်လို့ရပြီကြမလား....။

အစွဲလေး ကြီးတာ သိပ်ချစ်စရာကောင်းတယ်
သစ္စာကြီးတာ သိပ်လေးစားဖို့ကောင်းတယ်
ပြတ်သားတဲ့မျက်လုံးလှလှလေးတွေနဲ့
လူဆိုးလူမိုက်လေး ဟာ သိပ်အပြစ်ကင်းခဲ့ပါတယ်...

MinYoongi ဘယ်လိုများချစ်သလဲ...
အတိုင်းမဲ့ အတာမဲ့ ချစ်ခဲ့ပါတယ်....
ရင်ဝစုန်ကန် နှလုံးကို အချက်တစ်ရာတစ်သိန်းမက
ရိုက်နှက်နှိပ်စက်ခဲ့လည်း..လူကြီး မလို့
ကျွန်တော်ကခံနိုင်ရည်ရှိရမယ်.....
သိပ် ခမ်းနားတဲ့ မေတ္တာဓာတ်တွေနဲ့ ကလေးမှာ
အပြစ်ရယ်မရှိ......။

ကြယ်တွေစုံတဲ့ညလေးမှာ.....
အားရဝမ်းသာသူ ချခဲ့တဲ့ "အင်း" ကလေးဟာ
ကျွန်တော့် ပျော်ရွှင်ခြင်းတွေရဲ့အစပဲ.....
ကံကြမ္မာရေးဆွဲသူ....ရူးကြောင်ကြောင်နိုင်လိုက်ပုံများ။

နှလုံးသားပြုတ်ထွက်မတတ်နာကျင်မှု​တွေ
MinYoongi မလို့ မငိုရတဲ့....သတ်မှတ်ချက်နဲ့
ခံနိုင်ရည်အားကျော်လွန်တဲ့အခါ
MinYoongi ကြိတ်ငိုခဲ့တဲ့နေရာထောင့်ပေါင်းများစွာက
မနာခဲ့ဘူးလားမေး....လူကြီးက
အေးတိအေးစက် ပြန်ကြည့်ပေးမယ်....
နာလ်ို့ နာမှန်းတောင် မသိတော့ကြောင်းဖြေရင်း.....။

မောင်Where stories live. Discover now