part 3

11 4 4
                                        

Unicode

"ဟေ့ကောင် သာ "

ဆိုင်ရှေ့မှ အော်ခေါ်သံ‌ကြောင့် သာ ခေါင်းထောင်မေ့ကြည့်လိုက်သည်၊

"ဟာ သူရိန် မင်းပြန်လာတာ ဆိုင်းမဆင့် ဗုံမဆင့်ပါလားဟ "

" အေးကွာ သီတင်းကျွတ် ပိတ်ရက်ခွင့်ရလို့ ပြန်လာတာ "

ပြောရင်း သာ ဘေးကို၀င် ထိုင်လိုက်သည်၊ ဒီကောင့်ကြည့်ရတာ ရန်ကုန်သားကြီး လုံးလုံးဖြစ်နေပါလား ၊ ၀တ်ပုံစားပုံကအစ လုံး၀ အလန်းဇယား၊

"ငါ့ကောင်က လုံး၀ အလန်းနော် စော်တွေဘာတွေရနေပြီလား ဟ ပြောစမ်းပါအုန်း "

"ဟဲဟဲ ရနေပြီကွ နောက်ရက်မှပြမယ် ရန်ကုန်ကပဲ "

"၀မ်းသာပါတယ်ကွာ ငါ့ကောင်ရာ"

"အိသူတို့ စန္ဒာတို့တောင် မင်းကိုပြောနေကြတာ ဖုန်းဆက်ဖော်တောင်မရလို့တဲ့ ၊ အာ့နှစ်ယောက်မင်းကို ကြိမ်းနေတာနော် မုန့်၀ယ်ကျွေးမှ ရမယ်တဲ့ နောက်ရက် ကျွေးလိုက်တော့ "

"ကျွေးရမှာပေါ့ မနက်ဖြန်ဆုံကြမလား "

"အေး ဆုံကြတာပေါ့ စန္ဒာတို့ကိုမင်းပြောမလား ငါပြောလိုက်ရမလား "
"နေနေ ငါသွားပြောလိုက်မယ် မုန့်လဲပေးရအုန်းမယ် "

"ရော့ မင်းဖို့ ဂျေဒိုးနပ် တစ်ဗူး "

"ဘာလဲ မင်းကငါ့ကို ဂျေဒိုးနပ် မစားဖူးဘူးများမှတ်နေလား"

"အမယ် ကြီးကြီးကျယ်ကျယ်နဲ့ မစားချင်လဲနေ ဟေ့ကောင်
မကျွေးဘူး "

"ဟဲဟဲ စတာပါကွ ကိုယ့်ကောင်၀ယ်လာတာပဲ သေဆေးဆိုတောင် စားမှာနော် မင်းသိတယ်မလား "

ပြောရင်း သူရိန်ပြန်သိမ်းသွားသောမုန့်ဗူးကို သူ့လက်ထဲမှ အမြန်ပြန်လုလိုက်ရသည် ၊ ဒီကောင့်လို ကပ်စီးနဲဆီက မုန့်ကို ရတုန်းစားထားရမည် ၊ တော်ရုံ ကျွေးဖို့နေနေသာသာ ကိုယ့်၀မ်းကိုယ်တောင်မသထှာ သော သူရိန် ၊ကပ်စီးနဲတာထပ် မလိုတာမသုံးဘူး စည်းစနစ်ကျသည် ၊ ငယ်ပေါင်းတွေမလို့ အရင်းနှီးဆုံးယောင်္ကျားလေးသူငယ်ချင်း ဖြစ်သောကြောင့် ပို၍ ခင်တွယ်သည် ၊ ဒီကောင့်ပုံက ဒေါင်ကောင်းကောင်း အသားဖြူဖြူနဲ့မလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ၊ ဒီလိုကောင်ကို အပိုင်သိမ်းသွားသော ရန်ကုန်သူလေးကို တွေ့ချင်မိသည် ၊

သာရဲ့ တိမ်စိုင်ငယ်လေး जहाँ कहानियाँ रहती हैं। अभी खोजें