Final

2.3K 226 37
                                    

🖤 ပိုင်းလုံး 🖤 ( Final )

လေးနှစ်ကြာပြီးနောက်...

" တာ့တာ... သမီးကြီး မောင်ငယ်လေးကို ကရုစိုက်နော်... "

" ဟုတ်ကဲ့ ဖေဖေလေး..."

KG စတတ်မည့် ကလေးငယ်နှစ်ယောက်အား ကျောင်းဂိတ်ဝထိ ပို့ရင်း ကျောင်းထဲသို့ လိုက်ဝင်ချင်စိတ်အား မနည်းဖိနှိပ်ထားရသည်။ ပုခုံးထက်မှ လူကြီး၏ လက်အား ထပ်၍ဆုပ်ကိုင်လိုက်ရင်း နားသယ်စပ်နား ဆံပင်ဖြူလေးများ တစ်ချို့ ထွန်းလင်းနေပြီဖြစ်သော လူကြီးအား မော့ကြည့်လိုက်တော့ ပြုံးပြလာလေ၏။

" ကဲ ဖေဖေလေးရေ... ကျောင်းထဲများ လိုက်ဝင်သွားမလား စိုးရိမ်လို့ မနည်းဖမ်းဆွဲထားရတယ် ဟားဟား "

" ဟီး... ဟင့်..."

မငိုပါပဲ ဝမ်းနည်းစိတ်ရော ဝမ်းသာစိတ်ရော ရောစွက်နေသည့် အီလည်လည် ပီတိမျိုးဖြင့် မျက်ရည် စို့မိရလေ၏။

" ဟောဗျာ လူကြီးရဲ့ ကလေးလေးကလေ... အရမ်းမျက်ရည် လွယ်တော့တာပါပဲ။ ကဲ အလုပ်သွားစို့ "

" ဟုတ်..."

ကလေးများအား ပြုစုကရုစိုက်ရင်း ကျောင်းတတ်ရင်း လုံးလားထွေးလားပင် ကျွန်တော် ဘွဲ့ရခဲ့၏။ ယခုတော့ လူကြီးရဲ့ အလုပ်တွေကို ကူကာ လုပ်ပေးနိုင်ခဲ့လေပြီ။

" ဟော... ဦးစဝ်သော်ဝေ...ကိုရှိုင်းဆက်မိုး..."

" ကိုမင်းမျိုးနွယ်...ကိုအလင်္ကာ... ဟင်... ကလေးက "

" အဟဲ... ဟုတ်တယ်ဗျ သမီးက ဒီနေ့ KG စတတ်ပြီလေ..."

" အော်... "

ကိုမင်းမျိုးနွယ်တို့အား တွေ့ရတော့ ရုတ်တရက် ကိုစိုင်းကို အမှတ်ရမိလိုက်သည်။ သို့သော်လည်း ထူးထူးထွေထွေ မမေးဖြစ်ပါ။
တခြား ကလေးနှင့်ဆိုင်သော အာလပဿလာပ စကားတစ်ချို့ ပြောဆိုခဲ့ပြီး ကုမ္ပဏီသို့သာ သွားခဲ့သည်။

xxxxx

မိုးစုန်းစုန်းချုပ်၍ အိမ်အပြင်၌ မှောင်ကာမဲနေလေပြီ။ ရင်ထဲက ဒေါသက တလိပ်လိပ်တတ်လို့နေရ၏။ သမီးကြီးက သူ့မောင်လေးအား ဖက်ထားကာ မောင်နှမနှစ်ယောက်က ဒူးထောက်လျှက်... ဒီနေ့ပဲ KG စတတ်သည် ဒီနေ့ပဲ ပြဿနာက အိမ်သို့ပါလာခဲ့လေပြီ တဲ့။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now