Ep - 42

1.8K 226 17
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 42 )

ဆေးရုံမှ အိမ်ထိ ပြန်လာသည့် တစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောလေသော ရှိုင်းငယ်လေးကြောင့် တစ်ခုခု ထူးပြီဆိုတာ ခံစားမိနေ၏။ ပွင့်ပွင့်လင်းလင်း မေးလိုက်လို့ ပွင့်ပွင့်လင်းလင်း ပြန်ဖြေလျှင် ကောင်းရဲ့ မဟုတ်လျှင်...ကိုယ်ပဲ အသိမှားရလေဦးမည်။

" ရှိုင်းငယ်လေး... ဘာစားချင်သေးလဲ... လူကြီးကြီးတို့ ဝင်ဝယ်သွားကျမယ်လေ..."

" ဟင့်အင်း... မစားချင်တော့ပါဘူး "

" ရှိုင်းငယ်လေး... ကလေးမလိုချင်သေးတာလား "

ထင်မြင်မိသည့် မေးခွန်းကို မေးမိသော်လည်း တကယ်တမ်းက အမှန်အတိုင်းများ ' ဟုတ်တယ် မလိုချင်ဘူး ' ဟု ဖြေခဲ့လျှင်... ခံနိုင်ရည် ရှိပါ့မလား မသိပေ။

" မဟုတ်ပါဘူး လူကြီးရယ်... ဒါပေမယ့် "

" အင်း... ဒါပေမယ့် ဘာဖြစ်လဲ ရှိုင်းငယ်လေး "

" ဒါပေမယ့်လေ... ကျွန်တော်... ကျွန်တော် ကလေးတွေကို ကောင်းကောင်း မပျိုးထောင်နိုင်မှာ ကြောက်တယ်..."

" ဟင်..."

" ကျွန်တော်.. အင်း...ထားပါတော့ လူကြီး ဘာမှ မပူနဲ့နော်... "

" ကလေးလေး... လူကြီး မင်းကို ဝန်ထုပ်ဝန်ပိုး ပေးမိနေပြီလား "

" ဟင့်အင်း... အဲ့လို မတွေးပါနဲ့... "

တကယ့်တကယ်က စိတ်ထဲတွင် ရှိနေသည်မှာ ထိုစကားတို့ မဟုတ်ဘူးဆိုသည်ကို အလိုလျှောက် ခံစားမိနေ၏။ ဒါဆို ကလေးငယ်က ဘာတွေ ခံစားနေရပါသလဲ။ ပြောရလျှင် ကျွန်တော်ကတော့ အသက်အရွယ်အရ သားသမီးရင်သွေး လိုချင်သည်မှာ မဆန်းသော်လည်း ကျောင်းမပြီးသေးပဲ အိမ်ထောင်တစ်ခုပင် ထူထောင်ထားရသော အသက်နှစ်ဆယ်ကျော်သာသာ ရှိုင်းငယ်လေးကတော့ လွတ်လွတ်လပ်လပ် နေချင်ရှာဦးမည်လေ...။

ကလေးငယ်ရယ်... လူကြီး တစ်ဘို့တည်း တွေးပြီး အတ္တ ကြီးမိနေပြီလားကွာ...။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now