Ep - 41

1.6K 194 8
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 41 )

" ခိခိ.. တော်ပါသေးရဲ့... "

အမယ်လေး... အကောင်ပေါက်လေးက ကိစ္စအလုံးစုံကို သိသွားမှ စပ်ဖြီးဖြီးဖြင့် ' တော်ပါသေးရဲ့ ' နေလေသည်။

" ဘာတော်ပါသေးရဲ့လဲ... ရှိုင်းငယ်ငယ်လေး... မင်းလေးဟာလေ... ထင်ချင်ရာထင်တယ်... လုပ်ချင်ရာလုပ်တယ်...ဟွန့်... တစ်ညလုံးလည်း မအိပ်ရဘူး ။ ရုံးခန်းထဲ ခိုးအိပ်ရတော့မလားပဲ "

" ဟိဟိ... လူကြီး အိပ်မငိုက်အောင် ကျွန်တော်လိုက်ခဲ့မယ်လေ..."

" မလိုက်ပါနဲ့ကွာ... အိမ်မှာပဲ နေခဲ့ပါ။ အိပ်ရေးဝအောင်တော့ အိပ်ဦးနော်...ရှိုင်းငယ် "

" ဟိုလေ... ဟိုအစ်မယိင်းကို လေဆိပ်ပို့ဖို့ ကိစ္စက... "

" အောင်မယ်လေး... မောင်မင်းကြီးသား မောင်မြဖေရေ... ခင်ဗျားလေးက သဝန်တိုတယ် ဆိုကတည်း ကျွန်တော်မျိုးက ယိင်းကို ထပ်မတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီးသား... ကိုယ်ကတော့ ကိုယ့်ကလေးတွေက သူ့ဗိုက်ထဲ သွားဥရမှာမို့လို့ သာသာသပေးနေတာကို အသားလွတ် သဝန်တိုသတဲ့ ကြောက်နေပါပြီဗျာ..."

အားနဲ့မာန်နဲ့ ငြင်းလိုက်တော့ ခွက်ထိုးခွက်လန် ထရယ်နေလေသည်။

" ဟားဟား သိမှသိပဲလေ...နို့ ဟားဟား "

" ကဲ ထ... မျက်နှာသစ်... မနက်စာစားပြီး ပြန်အိပ်လိုက်ဦးနော်..ရှိုင်းငယ်... လူကြီး နေ့လည်စာစားချိန်ကျ ကြီးချိုကို နှိုးခိုင်းလိုက်မှာ ထပြီး နေ့လည်စာလေးတော့ စား... "

" လူကြီးကလည်း... "

" လူကြီးက မလဲဘူး... အမြဲထောင်နေရောပဲ... ကဲ ထပါကွာ... 'ဝန်တိုကောင်လေး' ရာ... ဟိုကလေးမကဖြင့် သူ့လောက်တောင် ချစ်ဖို့မကောင်းပဲနဲ့ သွားတိုနေတယ်... ထ...ယာ့...."

လက်နှစ်ဖက်မှ ဆွဲမကာ ထူလိုက်တော့မှပင် အိပဲ့အိပဲ့ဖြင့် ထကာ မျက်နှာသစ်လေသည်။ ပြီးတော့ ဆိုလိုက်သေးသည် ' အိပ်ရေးဝဝလေး အိပ်ပါရစေ မိုးနတ်မင်းကြီးရေ ' ဆိုပဲ။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now