Ep - 40

1.5K 207 15
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 40 )

" ရှိုင်းငယ်လေး.. လူကြီး ရှိုင်းငယ်ကို အိမ်ကိုဝင်ပို့ခဲ့ပေးမယ်... လူကြီး ကုမ္ပဏီ သွားလိုက်ဦးမယ်နော်..."

ဟို ယိင်းဆိုသော အစ်မအား ဟော်တယ်သို့ ပို့ပေးခဲ့ပြီးနောက် အိမ်သို့ ကားဦးလှည့်ရင်း လူကြီးက ဆိုလာလေသည်။

" ဟုတ် "

" ကလေး... တစ်မနက်လုံး ငြိမ်လှချေလား။ မပျော်ဘူးလားဟင်..."

" ပျော်ပါတယ်... "

" ရှိုင်းငယ်ငယ်လေး.. လူကြီးကို ပြောပါဦး တစ်ခုခု ခံစားနေရတယ် မို့လား..."

လူကြီး ကျွန်တော့ထက် ဟိုအစ်မကို ပိုချစ်သွားမှာ ကြောက်တယ်။ အဲ့လို ခံစားနေရပါတယ်လို့ ပြောလိုက်ရင် လူကြီး စိတ်ညစ်သွားမှာလည်း စိုးတယ် လူကြီးရယ်။

" ဟားဟား...မဟုတ်ပါဘူးဗျာ... လူကြီး စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်ကိုသွားနော်... အိပ်ရေးမဝလို့ ဖြစ်တာပါ ကျွန်တော် အိပ်ချင်လို့ "

" ဟုတ်လား... ဒါဆို အိပ်ရေးဝဝ အိပ်နော်... ညကလည်း...အစောကြီး အိပ်တာပါ "

တစ်ယောက်တည်း ရေရွတ်သလို ဆိုနေသော လူကြီးကြောင့်... ။

" လူကြီးကလည်း အိပ်ချင်တာပါဆို "

" အင်းပါ ရှိုင်းငယ်လေးရယ်... အိပ်လိုက်နော်... ညနေ လူကြီး မုန့်ဝယ်လာခဲ့မယ် "

" ဟုတ်.."

အိမ်သို့ရောက်ပြီး ကားပေါ်မှ ဆင်းကာ... အိမ်ထဲသာ တန်းဝင်လာခဲ့သည်။ လူကြီးကတော့ ကိုမောင်စွာ့ကို ခေါ်ကာ ကုမ္ပဏီ သွားလေသည်။

အခန်းထဲ တစ်နေကုန် အောင်းနေခဲ့ပြီး စာအုပ်ဖတ်လိုက် စိတ်ဆင်းရဲလိုက်ဖြင့် အရူးလိုပင်...

ဒေါက်ဒေါက်...ဒေါက်ဒေါက်...

" ရှိုင်းလေး... ရှိုင်းလေးရေ..."

" ဗျာ...လာပြီ ကိုမောင်စွာ..."

" ရှိုင်းလေး အိပ်နေတုန်းလား "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now