Part - 10 (U+Z)

41.1K 3.4K 66
                                    

မြူတွေဆိုင်းနေတဲ့အေးစက်စက်မနက်ခင်းတစ်ခု...

တိတိပပဆိုရလျှင်...၂၀၀၅ ခုနစ် ဒီဇင်ဘာ ၃၀ရက်မနက် ၄နာရီ။ ရန်ကုန်မြို့ဆောင်းတွင်းရဲ့အအေးဆုံးအချိန်ဟုဆိုလျှင်လည်းမမှား...။ ထိုအချိန်ကြီးမှာမှသီချင်းအကျယ်ကြီးဆိုပြီရေထချိုးနေသူတစ်ယောက်လည်းရှိပါ၏။

♫︎ ခေါင်းလောင်းလေးတွေ မြည်နေပြီ...

ငှက်ကလေးတွေလည်း တေးဆိုသီ...

နာရီစင်က သုံးချက်တီးသံမြည်...

နှင်း..တွေလည်းကျနေသည်...

ဒီဆောင်း...မြောက်လေ...မြူးပြီ..

အခုတော့သိပြီ သူ့ကို..ကိုယ်..ချစ်သည်...♫︎

ဟုတ်တယ်...သူ့ကိုကိုယ်ချစ်တယ်။ ပြောင်းလဲလာတဲ့ခေတ်နဲ့အရွယ်ရောက်လာလို့တဖြည်းဖြည်းသိလာရတဲ့အသိဉာဏ်တွေအရ...ငယ်ငယ်တည်းကအဖြေရှာခဲ့တဲ့အဖြေတစ်ခုကို ကိုးတန်းနွေရာသီကျောင်းပိတ်ရက်မှာရှင်းရှင်းလင်းလင်းသိလိုက်ရတဲ့တစ်ဆက်တည်းမှာဘဲ ကိုယ်ချစ်နေတာမိန်းကလေးတစ်ယောက်ကိုမဟုတ်ဘဲ... ကိုယ်နဲ့လိင်တူအမျိုးသားလေးတစ်ယောက်ကိုဆိုတော့ နည်းနည်းတော့လန့်စရာကောင်းတယ်။ ထပ်ပြီးတော့ ကိုယ်ချစ်မိနေတာ တခြားသူမဟုတ်ဘဲ အများကကိုယ့်ညီလို့သိထားတဲ့ကောင်လေးဖြစ်နေလေတော့ သူနည်းနည်းတော့စိုးရိမ်တာပေါ့။ ‌

ဒါပေမယ့် အချစ်ကအချစ်ဘဲလို့ကျွန်တော်ထင်တယ်။အချစ်ကဒြပ်မဲ့ဘဲလေ..မင်းကယောက်ျားလေးမို့မိန်းကလေးကိုဘဲချစ်ရမယ်လို့မပြဌာန်းထားဘူးထင်ပါရဲ့..။ကျွန်တော့်အတွေးပါ... မင်း အတွေးကြီးကမှားနေတယ်လို့လာပြောခဲ့ရင်လည်း ပြောတဲ့သူကို ဘာများထိခိုက်နေပါသလဲလို့ပြန်မေးကြည့်ချင်ပါရဲ့။

အင်း...ကျွန်တော်ချစ်တဲ့သူကထိခိုက်ပါတယ်လို့ပြောလာရင်တော့ စဥ်းစားစရာဖြစ်ပြီပေါ့။

ဆုံးသွားတဲ့ညီလေးကိုလည်းအားနာမိပါတယ်။သူ့အစ်ကိုကသူ့နေရာရောက်နေတဲ့သူကိုအရောင်ဆိုးချင်နေမှန်းသိရင် အဖေပြောတဲ့နတ်သားပိစိလေးဖြစ်နေပြီဆိုတဲ့ ညီလေးစိတ်မကောင်းများဖြစ်နေမလား။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now