Chapter - 5 (U+Z)

14.4K 2.2K 170
                                    

//UNICODE//

အခန်း (၅)- အပြန်အလှန် ချီးမွမ်းမြှောက်ပင့်ကြခြင်း

စုလင်း ကုလီဟန်ကို စူးစိုက်ကြည့်​နေရင်း အသက်ရှုမဝသလို ခံစားလာခဲ့ရသည်။

သူ တကယ်ပဲ ဝတ္ထုကမ္ဘာထဲ​ရောက်သွားတာ​ပေါ့

ကုလီဟန်ရဲ့မျက်လုံးများက စုလင်းမျက်နှာပေါ် ခဏတာ ကျလာပြန်ပြီး သူက အမြန်ပြန်​ဖြေလိုက်သည်။

"မသိဘူး"

စုလင်း သက်မချလိုက်နိုင်ပြီး ပြုံးလိုက်သည်။

"မသိဘူး?။ ​အဲ့ဒါဆို ကောင်းတယ်"

ဝတ္ထုရဲ့ ဇာတ်​ကြောင်းက သူ့စိတ်ထဲ လျင်မြန်စွာပဲ ​ရောက်လာသည်။ ကုလီဟန်က အခုလက်ရှိအသက်အရွယ်မှာ ​ကျောင်းချီကို မသိဘူးဆို​တော့ အခု စုလင်းက အဲ့ဒီ ဝတ္ထုထဲ​ရောက်​နေတာ မဟုတ်လည်း ဖြစ်နိုင်တယ်။ ဒါ​ပေမဲ့ စုလင်း သိပ်​တော့ မ​သေချာလှ​ပေ။ အဆုံးမှာ​တော့ ကုလီဟန်က ​ကျောင်းချီကို လက်ထပ်ခဲ့တာ ​ကျေးဇူးဆပ်ဖို့ဖြစ်ပြီး ခံစားချက်​တွေ​ကြောင့် မဟုတ်ခဲ့​ချေ။

ဘာပဲ​ပြော​ပြော ဒီ​ဝတ္ထုကမ္ဘာက တကယ်ပဲ အစစ်အမှန်ဆိုရင် သူတို့၂​ယောက် မကြာခင်ပဲ တစ်​ယောက်နဲ့တစ်​ယောက် သိလာကြလိမ့်မည်။ စုလင်းအ​နေနဲ့က​တော့ သူ့ယူဆချက်မှန်၊မမှန်ဆိုတာ အတည်ပြုဖို့ ကုလီဟန်ကိုပဲ ပိုအာရုံစိုက်ထားဖို့လိုသည်။

လက်ဗွေနဲ့အတည်ပြုထားတဲ့ စာချုပ်ကို ကုလီဟန်ဆီ ပြန်​ပေးလိုက်ပြီး စုလင်း အပြုံး​လေးနဲ့ ​​ပြောလာသည်။

"ခင်ဗျားရဲ့ လူ​တွေကို အပင်​တွေသယ်သွားခိုင်းလို့ရပြီ။ ​နောက်ကျ လမ်းမှတ်မိ​အောင် ဒီ​နေ့​တော့ ​ကျွန်​တော် ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်။"

ကုလီဟန်က ​ခေါင်းညိမ့်ပြသည်။ သိပ်မကြာခင်မှာပဲ သက်​တော်​စောင့်၂​ယောက်ဝင်လာပြီး စိတ်ဝိညာဥ်ပင်​တွေကို သယ်ဖို့အတွက် အကာအကွယ်​သေတ္တာနား ကပ်လာကြသည်။ ဆံပင်​ဘေး၂ဖက်ကို ပါးထားသည့် ဆံပင်တိုကပ်ကပ်နဲ့ သက်​တော်​စောင့်က ​သေတ္တာကို ပိတ်ရန် အဖုံးကို ကိုင်လိုက်သည်။ ရုတ်တရက်ဆိုသလိုပဲ ဆူးနီ​ဘောလုံးပင်ရဲ့အကိုင်းများက ထိုသက်​တော်​စောင့်ဆီ ​ကွေးညွှတ်သွားသည်။ ​ဘောလုံး​လေး​တွေရဲ့မျက်နှာပြင်မှာ ​​မျောလွင့်​နေတဲ့ အမျှင်​လေး​တွေ သတ္ထုအပ်​တွေလို ချွန်ထက်မာ​ကျောသွားပြီး ထိုသက်​တော်​စောင့်ရဲ့လက်ကို ထိုး​ဖောက်ရန်ကြိုးပမ်းလာကြသည်။ အခြားတစ်ဖက်တွင်လည်း ပုလဲသွယ်ပင်ပျိုရဲ့ သွယ်လျဖြူ​ဖွေး​နေသည့် ပွင့်ချပ်များနှင့် ​ရွှေမှုန်ကျဲပန်းပင်ရဲ့​အစိမ်း​ရောင် လေရှူနွယ်​တွေက တစ်ချိန်တည်းမှာပဲ သူ့ရဲ့လက်ကို ဦးတည်လာကြသည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now