Ep - 39

1.8K 203 18
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 39 )

အုန်းအုန်းကျွတ်ကျွတ် စည်ကားနေသော လက်ထပ်ပွဲထဲ၌ ဧည့်သည်တစ်ယောက်ယောက်ဖြင့် စကားပြောနေပြီ ဆိုပါလျှင် ရှိုင်းငယ်တစ်ယောက် လှစ်ခနဲလှစ်ခနဲ ပျောက်ပျောက် သွားလေသည်။ ပြီးလျှင် အနားသို့ ဝှစ်ခနဲ ပြန်ရောက်လာပြန်သည်။ ယောက်ယက်ခက်နေခြင်းပင်...။

" ရှိုင်းငယ်လေး... ဘယ်တွေ ပျောက်ပျောက်သွားတာလဲကွာ...ဟင်...."

အသည်းယားလွန်း၍ မေးဖျားလေးအား ဆွဲကိုင်လှုပ်ရမ်းရင်း မေးမိတော့။

" ဟီး ဗိုက်ဆာလို့ "... တဲ့။

ဟုတ်မှာပင်။ ပါးစပ်ထဲသို့ အစားအသောက်များ ငုံထားကာ ပလုတ်ပလောင်း ပါးဖောင်းဖောင်းဖြင့် လက်ထပ်ပါသော သတို့သားအား မည်သူမှ မြင်ဘူးကျမည် မထင်။ ပါးစပ်ထဲတွင် အစားများအား မပျက်သိုလှောင်ကာ ဧည့်သည်များအား ပြုံးဖြီးဖြီးဖြင့် လိုက်လံနှုတ်ဆက်နေသည့် အသက်နှစ်ဆယ့်တစ်နှစ် အရွယ် ရှိုင်းငယ်လေးက ထက်အောက် အဖြူရောင် အင်္ဂလန်စတိုင်လ် မင်းသားဟန် ဝတ်စုံဖြင့် လွန်မင်းစွာ ယွပိုးထိုးနေလေသည်။

စတွေ့ရစဥ်ကတည်းမှ ခုလောက်ထိ ပေါ့ပါးသွက်လက်သော ဟန်ပန်မျိုး တစ်ခါလေးမှ မတွေ့ခဲ့ဘူးပါ...။ ထိုဝတ်စုံကလည်း Designer ထံ ကာတွန်းဇာတ်လမ်း တစ်ခုမှ မင်းသား၏ ဝတ်စုံပုံစံအား နမူနာပြကာ... ချုပ်ခိုင်းထားခြင်း ဖြစ်သည်။ နောက်ဆုံးတော့ ကိုယ်တိုင်ပါ ထိုDesign ကိုသာ ဝတ်ဆင်ခဲ့ရတော့သည် ဖြစ်၍ အဖြူရောင် မင်းသားနှစ်ပါးကဲ့သို့ လှပနေကျမည်မှာ မလွဲပေ။

" အစ်ကို... "

" ဟော.... သက်လွန်းတို့ ရောက်ပြီလား..."

" ဟုတ်ကဲ့ အမိုးရော အစ်ကို "

" ဟိုဘက်ထောင့်နားမှာ စားဖို့ရော သောက်ဖို့ပါ ဘူဖေးပြင်ထားတယ် ညီလေး... အဲ့နားကနေ မင့်သူငယ်ချင်းက မခွာဘူးဟေ.. လိုက်သာသွားကြည့်တော့ "

ပလုတ်ပလောင်း စားသောက်ရင်း အနားသို့ တစ်ခေါက်ရောက်လာပြီး စက္ကန့်သုံးဆယ်ပင် မကြာ...ပြန်ထွက်သွားပြန်သော ရှိုင်းငယ်လေးပင်။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now