Ep - 38

1.6K 200 7
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 38 )

" 'အချစ်ဟူသမျှ ဂုဏ်ရှိစွ' တဲ့ ရှိုင်းငယ်ရဲ့ "

" အာ...' အလုပ်ဟူသမျှ ဂုဏ်ရှိစွ ' ပဲ ကြားဘူးတာပါ... "

" ဟုတ်ပါတယ်ဆို...ရှိုင်းငယ်ကလည်း "

" ပေါက်ကရတွေ စတော့မယ် ဟွန့်... သွားပါဗျာ။ လူကြီးဘာသာပဲ တစ်ယောက်တည်း သွားလိုက်ပါ... "

မင်းမျိုးနွယ်၏ လက်ထပ်ပွဲနေ့က ရှိုင်းငယ်လေးက ဆေးရုံမှာမို့ မသွားနိုင်ခဲ့ပေ။ တာရာဟိန်းကိုသာ သွားခိုင်းရပြီး တောင်းပန်စကား ဆိုခိုင်းရလေသည်။ ယခု လုပ်ငန်းတစ်ခုဖွင့်ပွဲအတွက် ညစာစားပွဲလုပ်မည်ဟုဆိုကာ ဖိတ်လာသည်ကိုတော့ မသွားလျှင် မကောင်းတော့ပေ။ သို့သော်လည်း ရှိုင်းငယ်လေးနှင့်အတူ ပွဲတတ်ချင်နေသော စိတ်ဆန္ဒတို့က မသေးပေ။ ဒါပေမယ့်... ဒီကလေးလေးက ပြောရခက်နေသည်မို့။

" လူကြီးတစ်ယောက်တည်း မသွားရဲလို့ ရှိုင်းငယ်လေးကို ခေါ်နေတာကို... ရှိုင်းငယ်လေးက မလိုက်ဘူး တဲ့။ ဟွန့် အရမ်း ရက်စက်တာပဲ "

" ဟာဗျာ... လူကြီးကလည်း..."

" လူကြီးကို မသနားဘူးလားဟင်..."

" လူကြီးကလည်းလေ..."

လေသံလေးက ပျော့လာလေပြီ။ ဒါဟာ ပြတ်သားခြင်းမှ တွေဝေခြင်း Level ကို ရောက်လာခဲ့ခြင်း မဟုတ်ပါလား။

" လူကြီးကို ချစ်ရင် ဒါမှမဟုတ် လူကြီးကို သနားရင် ရှိုင်းငယ်လေးရဲ့ လက်ကိုလေ... ဒီလိုလေးတွဲပြီး ညစာစားပွဲကို တတ်ခွင့်ပေးလေနော်... "

လက်ကလေးအား ဆွဲယူဆုပ်ကိုင်ရင်း တောင်းဆိုတော့ ကျွန်တော့မျက်လုံးထဲထိအောင် စူးစိုက်ကြည့်လာခဲ့သည်။ ဘာလဲ ရှိုင်းငယ်လေးရဲ့ မျက်လုံးထဲမှာ ရှိနေတဲ့ အရောင်တွေကို ကျွန်တော် အဓိပ္ပါယ်ဖော်လို့ မရခဲ့သေးပါ။ ဟင်... မဟုတ်မှ လွဲရော...

" ရှိုင်းငယ်လေး... လူကြီးကို လူသိရှင်ကြား မတွဲချင်တာလားဟင်..."

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now