Ep - 37

1.8K 252 10
                                    

🖤 ပိုင်းလုံး 🖤  ( Ep - 37 )

နောက်ကျောဆီက သက်ပြင်းချသံ တိုးတိုးက နားစည်ထဲသို့ ကျယ်လောင်စွာ တိုးဝှေ့ဝင်ရောက်လာလေသည်မို့... အိပ်မက်လား တကယ်လားဖြင့် အိပ်နေရာမှ နိုးလာခဲ့လေသည်။

" ရှိုင်းငယ်လေး... "

" ဟင်...လူကြီး...နိုးတာလား "

လှည့်ကြည့်ကာ ခေါ်လိုက်တော့ ထူးသံလေးပြုရင်း မေးလာသည်။ ဘာတွေများ စိတ်ညစ်နေရတာလဲ ကလေးရယ်။

" အင်း.. လူကြီးကို ချစ်တယ်မို့လားဟင်..."

" အင်းလေ..."

" ဒါဆို ရှိုင်းငယ်လေးမှာ သက်ပြင်းချလောက်တဲ့ အထိ စိတ်ညစ်စရာ တစ်ခုခုရှိနေတယ်မို့လား "

ကျွန်တော့မေးခွန်းက ကျွန်တော်နှင့်သက်ဆိုင်သည်လားတော့ မဆိုနိုင်ပါ။ ပါးပြင်ထက် လက်ဖဝါးနုနု တစ်ဖက်ကို တင်လာကာ... ခေါင်းကို အသာရမ်းရင်း ပြုံးပြလာသည်။ ဟန်မဆောင်တတ်ပါပဲ ကျွန်တော့ရှိုင်းငယ်ငယ်က ကျွန်တော့ကို ညာလေသည်။

" ရှိုင်းငယ်လေး... လူကြီးကို ချစ်တယ်မို့လား "

" အသည်းတွေ ကြေသွားမတတ်ကို ချစ်တာ "

" လူကြီးကလည်း ရှိုင်းငယ်ကိုလေ မြတ်မြတ်နိုးနိုးနဲ့ကို ချစ်တာ "

" ဒါဆို လူကြီးက ကျွန်တော့ကို ဘယ်အချိန်လောက်အထိ ချစ်ပေးမလဲဟင် "

" အင်း... ပြောရခက်တာပေါ့... လူကြီးမှ ကြိုမသိနိုင်တာလေ "

ဘယ်အချိန်သေမှာလဲ ကြိုမသိနိုင်ဘူးလေ ရှိုင်းငယ်။ လူကြီးရဲ့ နောက်ဆုံး နေဝင်ချိန်အထိတော့ ရှိုင်းငယ်လေးကို ချစ်သွားနေမယ်ဆိုတာက အသေအချာပါပဲ ကလေးရယ်။

" အဟင်း... အင်းပါ လူကြီး အိပ်တော့နော် "

ပြုံးကာပြောရင်း တစ်ဖက်သို့ လှည့်သွားသော ရှိုင်းငယ်လေးက ဘာဖြစ်သွားတာလဲ ဆိုတာမှ မသိရင် ကျွန်တော် 'စဝ်သော်ဝေ' ဘယ်ဟုတ်တော့မလဲ။ သေးသွယ်သွယ် ခါးလေးကနေ ဖက်ပြီး ကျွန်တော့ရင်ခွင်ထဲ မြုပ်အောင်ပင် ဆွဲယူလိုက်သည်။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now