အခန်း ၅၃ (Unicode+Zawgyi)

Start from the beginning
                                    

မိမိလက်ကိုတွဲကာ အရှေ့ကနေလျှောက်လျက် ပျော်ရွှင်မြူးထားစွာ သွားနေပါသော လူသားအား နှိုင်းခစေတန်အရမ်းချစ်ရသည်။မိမိဘက်က ချစ်ခဲ့တာနောက်ကျပေမယ့် စချစ်ခဲ့ရသူထက် အဆပေါင်းများစွာပိုသာအောင် အချစ်တွေပေးမည်။ကမ်းလင့်ထားသော တွဲလက်ကလေးတွေ မပြုတ်သွားစေရန် သူ့ဘက်ကအစွမ်းကုန်ကြိုးစားသွားမည်။သူတို့နှစ်ဦးကြားမှာ ဘယ်သူတွေလက်တွဲလာဖြုတ်ပါစေ၊လက်တွဲမပြုတ်စေရ။ ရသကိုယ်တိုင်က သူ့ဆီကနေထွက်သွားချင်ရင်တောင် သူထွက်သွားခွင့်ပြုမှာမဟုတ်ပါ...။

_______

   

မာန်ရဲထက်သည် ခါတိုင်းနံနက်ခင်းတွေလိုပဲ ခေါင်းကနောက်ကျိလေးပင်စွာ ခံစားလျက်နိုးထလာခဲ့သည်။သူ့အနီးအနားမှာ ထားရှိထားသည့် ရေပုလင်းကိုဆွဲမော့လိုက်တော့ အတန်ငယ် ခေါင်းကိုက်သက်သာသွားသည်။သို့ပေမယ့် မျက်လုံးတွေကတော့ ကျိန်းစပ်နေဆဲ၊နှုတ်ခမ်းတို့ကတော့ ရေကြောင့်သွေ့ခြောက်နေခြင်း အလျဥ်းမရှိတော့ပြီ။ခန္ဓာကိုယ်တစ်ခုလုံးတွင် အောက်ပိုင်းဘောင်းဘီတစ်ထည်သာရှိပြီး အပေါ်ပိုင်းမှာတော့ ဗလာကျင်းနေသည်။မနေ့ညကတော့ အဖေကသူ့ကိုဒေါသထွက်ကာ အခန်းဝမှာလှိမ့်ကန်ရင်း ထားပစ်ခဲ့သဖြင့် ဒယီးဒယိုင်ထိုးကာ အခန်းထဲသို့ တစ်ယောက်ထဲ ဝင်လာရခြင်းဖြစ်သည်။

သူကနေရောင်ခြည်ဖြင့် လင်းကျင်းနေသော အခန်းထဲကိုဝေ့ကြည့်ကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ခဏအကြာသူပြန်ထွက်လာချိန်မှာတော့ နံနက်ကိုးနာရီခန့်ရှိပြီ။သူဖွင့်ထားပါသော မြို့ထဲမှာရှိသည့်စားသောက်ဆိုင်ခွဲတွေကို ဖုန်းဖြင့်လှမ်းဆက်ကာ ပြောပြီးနောက်တွင်တော့ နံနက်စာစားရန် အောက်ထပ်သို့ဆင်းလာခဲ့တော့သည်။မာန်ရဲထက်က အမြဲတမ်းအိမ်မှာမစားဖြစ်သည်က များသည်၊အပြင်မှာသာ အမြဲတမ်းတစ်နေကုန်တစ်နေခမ်း ရန်စစ်နောက်သို့လျှောက်လိုက်နေသဖြင့် အိမ်ကိုလှည့်မကြည့်ခဲ့...။ဒီရက်တွေမှာတော့ ရန်စစ်ရဲ့နောက်ကို မလိုက်ပဲအိမ်ထဲမှာသာ တခွေခွေ၊တထိုင်ထိုင်လုပ်နေခဲ့တာ နှစ်ပတ်ခန့်ရှိပြီ။သွားစရာကိစ္စလေးအချို့ရှိမှသာ အပြင်ကိုထွက်ဖြစ်သည်။

From My Tears...Where stories live. Discover now