Ep - 36

1.6K 215 12
                                    

🖤 ပိုင်းလုံး 🖤  ( Ep - 36 )

ရုတ်တရက် ကြားလိုက်ရသော စကားသံက လူကို လေပေါ်သို့ပင် မြောက်ကြွ သွားစေသယောင်။

" ဟေ...တ...တကယ်လား ထွဋ်... ဒါဆို... ငါက မြေးရတော့မှာပေါ့ ဟုတ်လား...ဟုတ်လား "

" အေးပါဆိုကွာ..."

" အငှားကိုယ်ဝန်ဆောင်မယ့် သူကိုရော ရှာပြီးသွားပြီလား "

" အင်း..."

" ဟား... ဝမ်းသာလိုက်တာ... ပျော်လိုက်တာ "

" စိတ်ထိန်းပါဦးဟ... အဖေဖြစ်တော့မယ့် ငါတောင် အဲ့လောက်ထိ ရုက်ပြတ်ဆင်းပြတ် မဖြစ်ဘူးလေ..."

! ဖေဖေ... သားတို့ သမီးလေးတစ်ယောက် သားလေးတစ်ယောက် အမွှာယူချင်တာ.. ဒါပေမယ့် ဘာလေးဖြစ်ဖြစ် ရပါတယ်။ ဖေဖေကရော ဘာလေးလိုချင်လဲ... !

" ဟ... ငါ့သားရ ဘာလေးဖြစ်ဖြစ်ပေါ့ကွ ဖေဖေ့မြေးပဲလေ.... ဖေဖေက ချစ်မှာပဲပေါ့ "

" အေးပါ စဝ်...ဒါဆို ဒါပဲနော်... အငှားကိုယ်ဝန်ဆောင်အတွက် ချိက်ထားတဲ့ Agent ဆီက ဖုန်းလာလို့ "

" အေးအေး..."

ဝမ်းသာလွန်း၍ ပြုံးနေမိသည်မှာ မျက်ရည်တို့ ပါးပြင်ထက် စိုလာမှပင် သတိထားမိသည့် အဖြစ်။ ဒီလို ပျော်ရွှင်ဖွယ် ကိစ္စကို ရှိုင်းငယ်လေးကို ပြောပြရမှာပေါ့။

ဝမ်းသာအားရပင် အောက်ထပ်သို့ ဆင်းလာမိသည်။

xxxxx

" ရပြီ ကြီးချို... ခဏနေမှ ကျွန်တော် ထမင်းစားဖို့ ပြန်ဆင်းလာခဲ့မယ် "

" အေးအေး သားသား... ကြီးချို စောင့်နေမယ်နော်..."

" ဟုတ် ကြီးချို..."

လင်ဗန်းတစ်ခုပေါ်တွင် လူကြီးအတွက် ထမင်းဟင်း ပန်းကန်များ တင်ဆောင်ကာ မီးဖိုခန်းမှ ထွက်ယုံသာ ရှိသေး။

" ရှိုင်းငယ်ရေ... ရှိုင်းငယ်... ရှိုင်းငယ်..."

အလောတကြီး အော်သံနှင့်အတူ...လှေကားထိပ်မှ အပြေးတစ်ပိုင်း ဆင်းလာသော လူကြီးကြောင့် စိုးရိမ်စိတ်က ငယ်ထိပ်သို့ ဆောင့်တတ်လေသည်။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now