Ep - 35

1.9K 253 15
                                    

🖤 ပိုင်းလုံး 🖤  ( Ep - 35 )

အကယ်၍များ...
အိပ်ခန်းတံခါးက ခပ်ဟဟလေး ပွင့်မနေခဲ့ဘူး ဆိုလျှင် လူကြီးက ကိုစိုင်းကို ဖုန်းဆက်ကာ ပြောဆိုခဲ့သည့် ကိစ္စအား သိနိုင်မည်မဟုတ်။ အခန်းထဲသို့လည်း ဆက်မဝင်ရဲ။ ခြေထောက်အစုံကလည်း တဆက်ဆက် တုန်ရီနေခဲ့ပြီ။

လူကြီးကို ဖုံးကွယ်ထားတာကို လူကြီး သိသွားပြီ။ ဘယ်လို လုပ်ရမလဲ။ လူကြီး အရမ်းရှက်နေမလား။ လူကြီးတော့ အရမ်းစိတ်ညစ်နေမယ် ထင်တယ်။ ဘာဆက်လုပ်ရမလဲ... ဘာဆက်လုပ်ရမလဲ။

" ရှိုင်းငယ်လေး... ဝင်မလာပဲ ဘာလို့ ရပ်နေတာလဲ "

ကျစ်... လူကြီး သိသွားရပြန်ပြီ။ တံခါးဝမှ ရပ်နေတာကို သိသွားပြီ။ နေ့လည်စာအတွက် အရင်ဆို ကြီးချိုက ပို့ပေးပေမယ့် ဒီနေ့ကျ ' ရှိုင်းငယ် ထမင်းသုပ်ကျွေးပါလား ကိုယ်တိုင် သုပ်တာလေး စားချင်တာနော် ' လို့ တောင်းဆိုလာတော့ ဝမ်းသာအားရပဲ ထမင်းသုပ်နေမိတာ။ တကယ်တမ်းတော့ လူကြီးက ကိုစိုင်းကို ဖုန်းဆက်ချင်လို့ ပထုတ်ခဲ့ခြင်း ဖြစ်နေခဲ့သည်။

" လူ... လူကြီး "

" ထမင်းသုပ်လာပြီလား... လူကြီးကို ခွံ့ကျွေးလေ..."

ဟင်... လူကြီးက ကိုစိုင်းကိစ္စ ဘာမှ မပြောဘူးလား။ လူက ဘာမှမဟုတ်ပါပဲ သူ့လုပ်ငန်းကို ဝင်စွတ်ဖက်တာမျိုးမို့ အပြစ်တင်စကား ပြောလာရမည် မဟုတ်ဘူးလား။

" လူ...ကြီး ဟို... ဟိုလေ..."

" ကလေးလေး... ဘာတွေ စဥ်းစားနေတာလဲ။ ဘာမှ မစဥ်းစားနဲ့တော့လေကွယ်... အခုအရေးကြီးတာ ဘာလဲ သိလား...?? "

" ဟင်.. ဘာလဲ...?? "

" ထမင်းသုပ်ပေါ့... ဘေဘီပေါက်စနရဲ့ လာပါ လူကြီးကို ထမင်းသုပ်ခွံ့ကျွေးနော်... ဟိုကောင်ကို ဆဲနေရလို့ အာတွေလည်းခြောက်ပြီး ဗိုက်တွေလည်း ဆာနေရောပဲ "

" လူကြီး စိတ်မဆိုးပါနဲ့နော် "

" အွန်း... စိတ်ကတော့ ဆိုးတယ် "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now