6

14.2K 2.4K 284
                                    

{Unicode}

"ရှောင်ရန်လေး အမူးသမား
ဖြစ်သွားပြီးနောက် (နှစ်)"

ယဲ့ထင်သည် ရန်ကျားလိကို အခန်းထဲထိ ဆွဲခေါ်လာသည်။

ရန်ကျားလိ ဌားရမ်းထားသော အခန်းငယ်သည် ကျဥ်းမြောင်းလွန်းလှသည်။ ယဲ့ထင်သည် သည်းခံထားလိုက်ပြီး ရန်ကျားလိ၏ ပေကျံနေသည့် အဝတ်များကိုသာ အရင်ဆွဲချွတ်လိုက်သည်။

အပြာရောင် စူပါမန်းအတွင်းခံလေးသာ ကျန်တော့သည်အထိ တစ်ကိုယ်လုံးဆွဲချွတ်ပြီးမှသာ လူကို ကုတင်ပေါ် ပစ်တင်လိုက်သည်။

ရန်ကျားလိဟာ အစာအိမ်တွင် ရှိသမျှ အရာအားလုံးကို ကုန်စင်အောင် အန်ချလိုက်ပြီး အားအင်များလည်း ကုန်ခမ်းသွားပြီဖြစ်သည်။ ယဲ့ထင်သည်ပင် သူ့အတွက် ခေါက်တုံ့ခေါက်ပြန် ပြေးလွှားရလိုက်သေးသည်။ (တောက်တိုမယ်ရ လုပ်ပေးလိုက်ရသည်)

မကြာသေးတဲ့အချိန်က ကျားသစ်လေးတစ်ကောင်လို မာန်စွယ်တငွားငွားနှင့် ရန်တွေ့နေသူက ယခုချိန်မှာတော့ ကုတင်ပေါ် တင်ပေးလိုက်သည်နှင့် လေထုက အတော်လေး တိတ်ဆိတ်ငြိမ်သက်သွားသည်။

သူ၏ ဆံစလေးများသည် နဖူးထက်တွင် နူးညံ့စွာ ကျဆင်းနေသည်။ ရှည်လျားမဲနက်သော မျက်တောင်များက လဲလျောင်းနေပြီး ဖြေးဖြေးမှန်မှန် အသက်ရှူသံအရ သူသည် အန္တရာယ်မပြုနိုင်တော့သော အိမ်မွေးသိုးကလေး အဖြစ်သို့ ပြောင်းလဲသွားပြီ ထင်ပါသည်။ လိလိမ္မာမ္မာနှင့် အိပ်ပျော်သွားရှာပြီ။

ယဲ့ထင်သည် ရန်ကျားလိကို သန့်ရှင်းရေး လုပ်ပေးပြီးနောက်မှသာ သူကိုယ်တိုင်၏ အနောက်တိုင်းဝတ်စုံကို ချွတ်လိုက်သည်။

အထူးတလည် ချုပ်လုပ်ထားသော အနောက်တိုင်းဝတ်စုံကတော့ ရန်ကျားလိတစ်ချက်မျှ အန်လိုက်သည်နှင့် အစွန်းအထင်းများ ကျန်ရစ်ခဲ့ကာ သုံးစားမရတော့ပေ။

ယဲ့ထင်သည် အေးစက်စက် မျက်နှာထားနှင့်ပင် ဝတ်စုံကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။ ထို့နောက် လက်ထောက်ကို စာတစ်စောင်ပို့လိုက်ကာ သူ့အတွက် ဝတ်စုံအသစ် ယူလာခိုင်းလိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now