Ep - 34

1.7K 257 23
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 34 )

အိမ်ကို ပြန်ရောက်ခဲ့သည်မှာ တစ်ပတ်ခန့် ကြာလေပြီ။ အလုပ်ကိုတော့ အိမ်မှာ နေ၍သာ လုပ်ကိုင်နိုင်တော့သည်။ တာရာဟိန်းနဲ့ နီလာကတော့ တစ်နေ့တစ်ကြိမ်ခန့် အိမ်သို့လာ၍ လက်မှတ်ထိုးရန်ကိစ္စ ဘာညာသာရကာကို လုပ်ပေးနေရသည်။ အများအားဖြင့်တော့ Online Meeting ဖြင့်သာ စီမံခန့်ခွဲရလေသည်။

ကျွီ....

အိပ်ခန်းတံခါးအား တွန်းဖွင့်လာသံနှင့်အတူ တိုးညင်းသော ခေါ်သံတစ်ခု။

" စဝ်..."

" ဟင်... ထွဋ်..."

" အင်း.."

" မင်း အဆင်ပြေရဲ့လား ပိန်သွားတယ်။ သားရော ပါလား "

" မင်း တော်တော် မိုက်မဲပါလား ဟမ်... ဟင့်..."

" အာ... မတော်တဆပါကွာ..."

" ဘာမတော်တဆလဲ... ငါ့ကို ရှိုင်းဆက်မိုး ပြောပြပြီးပြီ ဘာလို့ စိတ်လိုက်မာန်ပါ လုပ်ရတာလဲ။ မတော်တဆဆိုပြီး သေသွားရင် ဘယ်လိုလုပ်မလဲကွ...ဟင့်... "

" မငိုပါနဲ့ကွာ ကလေးမဟုတ် သူငယ်မဟုတ် "

" ငါကြားကြားချင်း စိတ်ပူလို့ သေမတတ်ပဲ။ ချက်ချင်း ပြန်လာလို့ မရလို့ ဖုန်းဆက်ဖို့ကလည်း... ငါ...မဆက်ချင်လို့ "

ဟုတ်တော့ဟုတ်သည်။ ထွဋ်က US ကို သွားကတည်းမှပင် ကျွန်တော့ကို ဖုန်းခဏခဏ မဆက် ။ တစ်ခါတစ်ရံသာ Video Call ပြောလေသည်။

" ဘာလို့လဲကွာ..ပြီးတော့ သားကရော ဘယ်မှာလဲ မပါလာဘူးလား "

" အင်း...မ..မပါလာဘူး။ သူလည်း သိပ်မအားဘူးလေ...အဲ့ဒါကြောင့် "

" ငါက ဘာမှမဖြစ်ပါဘူး။ မင်း ခရီးပန်းလာတယ် မို့လား နားလိုက်ဦး... ရော်...မျက်ရည်တွေလည်း ကျနေတော့တာပါပဲလား။ ကဲ မငိုနဲ့တော့ ခေါင်းကိုက်မယ်...နားတော့ "

" အင်း...ငါ ရေချိုးပြီးမှ ပြန်လာခဲ့မယ်နော် "

" အေးပါ...သွား "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now