Ep - 33

1.9K 243 33
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 33 )

" ဟင့်...ဟင့်...အီးဟီး... ဟင့်..."

ဒေါက်ဒေါက်...

" ညီ... ငိုလို့ဝရင် ဆင်းခဲ့နော်... မမသက်ကို အစ်ကိုပြန်ပြီး ပြင်ဆင်ပေးဖို့ ပြောထားတယ် "

" ဟင့်.. ဟုတ်... "

'ဖြေမဆည်နိုင်ဘူး' ဟူသည့် စကားက လွန်အံ့မထင်။ တကယ်ပင် ဖြေမဆည်နိုင်ပါ။ ရင်ထဲတွင် အသက်ရှုသွင်း၍လည်း မရ ပြန်လည်ရှုထုတ်လို့လည်း မရ။ စို့ကာနင်နေသည်။ နေမင်းကြီးက ရင်ဘက်ထဲ ဝင်ကာထွန်းလင်းနေသကဲ့သို့ ပူပြင်းလောင်မြိုက်လွန်းလှသည်။

ချစ်ရသူကို ' နင်ပဲငဆ' ပြောဆို၍ နှင်ထုတ်ခဲ့ရသည်။ ဆက်လက်ကာ မက်တပ်ရပ်နေပါက လူကြီးဆီကို ပြေးဖက်ကာ ငိုချပစ်လိုက်မိတော့မည်မို့ အိမ်ထဲသို့ ပြန်ပြေးဝင်ကာ ငိုချပစ်ရသည်။ လူကြီးရှေ့မှာသာ ငိုမိလိုက်ပါက အတင်းလက်ဆွဲကာ ခေါ်ပြေးသွားနိုင်သည်။ တစ်ဖက်ကလည်း လူကြီးက မမုန်းတော့ရှာပါလားဟု ဝမ်းသာမိသော စိတ်ခံစားချက် သေးသေးလေးလည်း ရှိနေရပါသည်။

ဒါပေမယ့်လည်း... ဆက်ချစ်ကျဖို့က မဖြစ်နိုင်ဘူးလေ။ ကိုသွေးရတု ထွက်သွားမည့် အချိန်ထိ ဟုသာ ဆိုထားခဲ့ပေမယ့် တကယ််တမ်းကျ ကိုသွေးရတုကိုလည်း သနားမိသည်။ လူဆိုတာက အမုန်းခံနေရသည်ဖြစ်ပါစေ ချစ်သူ့အနားမှာတော့ အဆုံးထိကပ်တွယ်ကာ နေချင်သူချည်းပင်။

ဒေါက်ဒေါက်...

" ဟင့်..ဟုတ်....အစ်ကို လာခဲ့မယ်နော်..."

နောက်တစ်ကြိမ် ထပ်မံလာခေါ်နေပြီမို့ အားတင်းကာ သွားရပေဦးမည်။

" အဟမ်း...ညီ... ဟိုလေ... ဦးစဝ်သော်ဝေ လမ်းမထိပ်မှာ... "

လူကြီးအကြောင်း ပါလာသည်မို့ တံခါးအား လျှင်လျှင်မြန်မြန် ဖွင့်လိုက်ရင်း...။

" ဟုတ်ကဲ့ အစ်ကို "

xxxxx

နာကျင်လိုက်တာ... တစ်ကိုယ်လုံးကို ကိုင်ရိုက်ထားသလိုပဲ။ အလွန်အမင်း နာကျင်လိုက်တာ။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now