Ep - 32

1.6K 216 21
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 32 )

" အစ်ကို သူက... ? "

ကိုစိုင်းပြသည့် စက္ကူသေတ္တာလေးထဲတွင် ဓာတ်ပုံဟောင်းလေးတစ်ခု နှင့်အတူ ဒိုင်ယာယီစာအုပ်လေး တစ်အုပ်...။

" သူက အစ်ကို့သူငယ်ချင်း...နာမည်က သုတခေတ်တဲ့။ လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က ကိုယ့်ကိုကိုယ် သက်သေသွားတာလေ..."

" ဟင်...! သူက ဘာလို့... ဟာ လူ...လူကြီးနဲ့ "

" အင်း...သေချာတာပေါ့ "

ဓာတ်ပုံလေးအား သေသေချာချာ ပြန်ကြည့်မိရပြန်သည်။ အပြုံးချိုလေးက သိမ်မွေ့လေသည်။ လူကြီးနဲ့ ဘယ်လို ဇာတ်လမ်းတွေများ ကြုံခဲ့လို့...အင်းပေါ့.. ကျွန်တော့တုန်းကလည်း လူကြီးက ရက်ရက်စက်စက်တွေ ပြုမူခဲ့ဘူးတာပဲလေ။

ဟင်...ဒါဆို...

" ကိုစိုင်း... ခင်ဗျား ကျွန်တော့ကို လက်ထပ်မယ်လုပ်တာက လူကြီးကို လက်စားချေချင်တာလည်း ပါတယ်ပေါ့ ဟုတ်လား...ဟုတ်လားဟင် ကိုစိုင်း "

" အဟင်း... ဝန်ခံရတော့မှာပေါ့.. အမှန်ပဲ။ အစ်ကိုက မင်းဆိုတဲ့ ခဲလေးတစ်လုံးနဲ့ ဦးစဝ်သော်ဝေဆိုတဲ့ ငှက်ကြီးရော သွေးရတုဆိုတဲ့ ငှက်လေးရော ထိအောင် ပစ်လိုက်တာလေ "

" ဘာ..."

ရုတ်တရက် ယိုင်သွားသည်မို့ အနီးရှိခုံအား လက်ဖြင့်ထောက်၍ အားပြုကာ လဲမကျစေရန် ထိန်းထားလိုက်ရသည်။

" Sorry ပါ...ညီ့ကို ဒီအကြောင်းပြောရင် လက်ခံမှာ မဟုတ်လို့ ထိန်ချန်ထားခဲ့တာပါ "

" ခင်ဗျား..."

လူကြီးကို လူကြီးကို လက်စားချေချင်လို့ ခုလိုမျိုး ကျွန်တော်က ခုတုံး အလုပ်ခံရတာလား။

" ဒါပေမယ့် ကတိအတိုင်းတော့ သွေးရတု ဒီအိမ်က ထွက်မသွားမချင်း ဟန်ဆောင်လက်ထပ်ထားပေးပါ "

" ခင်ဗျား ဝဋ်လည်လိမ့်မယ် "

" ဘာကိုလဲ... အစ်ကိုက အစ်ကို့ညီနဲ့အစ်ကိုကို သတ်ခဲ့တဲ့ သူကို အစ်ကို့အိမ်မှာမနေစေချင်တာနဲ့ အစ်ကို့ သူငယ်ချင်းကို သေအောင်လုပ်ခဲ့တဲ့သူကို စိတ်ဒုက္ခပေးမိလို့ ဝဋ်လည်မှာလား ဟုတ်လား "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now