"မာမီ Hyuckie ကို ခေါ်ထားလို့မရဘူးလား ။
Hyuckie မရှိရင် Minhyungပျင်းနေတော့မှာ ''

Minhyung မျက်မှန်ချွတ်ထားသည်မို့
မာမီက Minhyung မျက်ရည်များကို
ချက်ချင်းတွေ့သွားကာ
Minhyung ကို ဖက်ထားတော့သည် ။

" Hyuckie နဲ့က အထက်တန်းရောက်ရင်
တူတူ ပြန်နေရမှာဘဲ လေ Hyung လေးရာ...
မငိုနဲ့တော့နော်....မာမီ စိတ်မကောင်းဖြစ်တာ
မြင်ချင်လို့လား ''

Minhyung မျက်ရည်တို့ကို အမြန်သုတ်လိုက်ကာ
မာမီ့ကို ဖက်ထားလိုက်သည် ။မာမီက Minhyung ရဲ့
လက်ဖို့ဖို့လေးတွေကို ဆုပ်ကိုင်ရင်း
Minhyung ကို ပြန်ဖက်ထားသည် ။

" Minhyung မာမီ့ကို စိတ်ညစ်အောင်
မလုပ်တော့ပါဘူးနော်....
Minhyung မငိုတော့ဘူး ''

"Minhyung လေးက လိမ္မာလိုက်တာ ။''

ဒါကတော့ Minhyung လေးရဲ့
အလယ်တန်းကျောင်းသား ဘဝ အကြောင်းပင် ။

______________________________★★

"Minhyung လေးရေ နိုးရင်လည်း
ထတော့နော်.... မာမီတို့ ဆေးရုံသွားရင်
Hyung လေးကိုပါ ကျောင်းဝင်ပို့ခဲ့ရအောင် ''

မာမီ့ အသံကြောင့် Minhyung အိပ်ရာမှ
မြန်မြန်ထရသည် ။ Minhyung ကျောင်းကို
တစ်ယောက်တည်း မသွားချင်ပါ ။

Minhyung က အခု အသက် ၁၅နှစ်ပါ ။
ဒါပေမယ့် သိပ်မထွားတဲ့ Minhyung ကြောင့်
တခြားကလေးတွေ အနိုင်ကျင့်တာ ခံရသေးသည် ။

Minhyung လည်း တခြားလူတွေလို
ပုံမှန် နေချင်လိုက်တာ ။

" မာမီ Minhyung အဆင်သင့်ဖြစ်ပြီး ။ ''

မာမီ့ကို ပြောပြီး Minhyung အပြင်ထွက်လာတော့
အသင့်စောင့်နေတဲ့ ဒယ်ဒီ့ကားကို တွေ့လိုက်ရသည် ။
Minhyung ကားပေါ်တက်ကာ
ဒယ်ဒီ့ကို popo ပေးလိုက်သည် ။
မဟုတ်ရင် ဒယ်ဒီ့မျက်နှာကြီး
တစ်ခြမ်းစောင်းသွားတော့မှာ ။

Minhyung အပြင်ထွက်လာကတည်းက
ဒယ်ဒီ ပါး ကြီးထိုးပေးနေတာ ။
Minhyung ကို ဒယ်ဒီရော မာမီပါ
အရမ်းချစ်တာမို့ အခုထိ ကလေးလေးလို
ဆက်ဆံနေကြတာပင် ။

အသက်၁၅နှစ်လည်း ကလေးလုပ်လို့
ရသေးတယ်မလား ။

Minhyung ကို ကျောင်းရှေ့ထိ
လိုက်ပို့ပြီး ဒယ်ဒီနဲ့မာမီ ပြန်သွားသည် ။

Minhyung ကျောင်းထဲ ခေါင်းငုံ့ကာ
လျှောက်ဝင်လာခဲ့သည် ။
ရုတ်တရက် Minhyung ရှေ့လာရပ်သည့်
လူတစ်ချို့ ။

" မင်း မဟုတ်လား ။ အရင်အပတ်က
အဆင့် ၁ ရသွားတဲ့ တစ်ယောက်က ။ ''

Minhyung တစ်ချက် မော့ကြည့်လိုက်ပြီး
ခေါင်းကို ပြန်ငုံ့လိုက်သည် ။

" မေးနေတယ်လေ ၊ မင်း လား လို့ ''

Minhyung မဖြေရဲ ။
Minhyung ကြောက်သည် ။
သူတို့ကို Minhyung တစ်ခါမှ
မမြင်ဖူးဘူး ။

" ဘာလဲ ၊ ကျောင်းသားသစ် က
ဂရုမစိုက်တဲ့ စတိုင်နဲ့ ''

ထိုကျောင်းသားရဲ့ လက်က
Minhyung ပခုံးပေါ် ရောက်လာတဲ့အချိန်......

Hyuckie....

"မင်းတို့ထက် ငယ်တဲ့ လူကို
အနိုင်ကျင့်နေရတာ ပျော်လား ။ ''

လူနှစ်ယောက်.....

Minhyung တစ်ခါမှ မမြင်ဖူးသည့်
ခပ်ချောချော လူနှစ်ယောက် ။

လွယ်အိတ်အမဲရောင်ကို ကြိုးတစ်ဖက်သာ
လွယ်ထားပြီး ကျောင်းယူနီဖောင်းကို
လက်တစ်ဖက်က ကိုင်ထားသည့် တစ်ယောက်က
Minhyung ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတဲ့
ကျောင်းသားတွေကို ပြောလိုက်သည် ။

သူ့အနောက်က အပြုံးလှလှနဲ့
တစ်ယောက်ကတော့
Minhyung ကို မကြောက်နဲ့တော့ဟု ပြောပြီး
အခန်းထဲ သွားရန် ပြောလာသည် ။

Minhyung ခေါင်းညိတ်ပြကာ
ထို Hyung နှစ်ယောက်ကို
နှုတ်ဆက်ပြီး Minhyungတို့အခန်းဘက်ကို
လျှောက်လာခဲ့သည် ။

Minhyung ပြုံးမိသည် ။

နောက်ဆုံးတော့ သူ့ကို
ကာကွယ်ပေးတဲ့လူတွေ ရှိလာပြီးမလား ။

________________________________♡♡

💟သဘော ကျရဲ့လား ။ ဆက်ရေး သင့်ရဲ့လား ။
💟တိုတယ်နော်....အင်ထရိုမို့ပါ ၊ ဟီး ဟီး ။
💟cvလုပ်ချင်လို့ ဘယ်appကောင်းလဲ ညွှန်းပေးကြပါဦး
💟saranghae.....

NEVER 💫 complete 💫Where stories live. Discover now