Ep - 31

1.9K 254 23
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 31 )

" ဦးစဝ်သော်ဝေ ဒါဆို မနက်ဖြန်ကို စာချုပ်ချုပ်ပြီး လွှဲယူတာပေါ့ "

" Okay... ဒါဆိုလည်း မနက်ဖြန်မှ တွေ့ကျတာပေါ့ဗျာ "

" ဟုတ်ကဲ့ ခွင့်ပြုပါဦး "

" တာရာ ကိုမင်းမျိုးနွယ်ကို ပို့ပေးလိုက်ပါဦး "

" ဟုတ်ကဲ့ Boss "

မင်းမျိုးနွယ် ပြန်သွားချိန်တွင်မှ ရင်ထဲတွင် အပူလုံးတစ်ချို့ ပြန်ကျသွားရသည်။ အလုပ်က မနားရသေးသည်မို့ ရှေ့နေများဆီ ဖုန်းဆက် နစ်နာကြေးကိစ္စ ပြဿနာများအကြောင်း ပြောရပေဦးမည်။ ပုံမှန်အတိုင်း နစ်နာကြေးကိစ္စရပ်တွေက တာရာဟိန်းနဲ့နီလာပဲ လုပ်နေပေမယ့် ခုက ပြဿနာပိုကြီးလာသည့် ကိစ္စ။

မူးဝေလာသည့် ခေါင်းကြောင့် ကော်ဖီခါးခါးတစ်ခွက်ကို အရင်သောက်ရန် စဥ်းစားလိုက်သည်။

xxxxx

" အစ်ကိုလေး... အစားလေးတော့ စားမှပေါ့ "

" နေပါစေတော့ ကျွန်တော် မစားချင်တော့ဘူး "

" မနက်ကတည်းက ဘာမှမစားတာနော် "

မနက်က ဆိုင်ဂျူတီကထွက် လူကြီးဆီသွားချိန်မှ လူကြီးက ကိုစိုင်းနဲ့ အထင်လွဲနေသည်ကို သိရသည်။ ကိုစိုင်းကရော သူလည်း နာကျင်စရာတွေ အများကြီးတော့ ရှိနေပုံပင်။ ဒါပေမယ့် လူကြီးအတွက်က ချစ်လျှက်နဲ့ ခွဲခွာရမှာထက်စာရင် နာကျည်းပြီး မုန်းတီးနေတာက ပိုပြီး ခံသာမည်ထင်ပါသည်။ အင်းလေ တကယ်တမ်းကျတော့လည်း လူကြီးကို သစ္စာဖောက်သည့် ကိစ္စရပ်ပဲကိုး။ နေ့လည်က ကိုစိုင်းဆီက ဖုန်းလာတော့ ကိုမင်းမျိုးနွယ်က လူကြီးနဲ့သဘောတူကြောင်း ပြောခဲ့ပြီတဲ့။ ကိုမင်းမျိုးနွယ်ဆီက သဘောတူကြောင်း သိရပြီဆိုကတည်းက လူကြီးကို တရားစွဲမည်ဆိုသော လူငါးဆယ်ရဲ့အမှုကို အပ်ထားသည့် ရှေ့နေတွေနဲ့ စကားပြောတော့မည်တဲ့။

ဟင်း လူကြီးဆီက Special Power လွှဲယူပြီးရင် ဒီကိစ္စတွေက လူကြီးခေါင်းပေါ်ကနေ ကျသွားပါပြီ။ အရင်လိုပဲ ပေါ့ပေါ့ပါးပါး ပျော်သလိုသာ နေလိုက်ပါတော့ လူကြီးရယ်။ ကျွန်တော့ကို မုန်းနေမှ အဆင်ပြေမယ်ဆိုလည်း မုန်းချင်သလိုသာ မုန်းပါတော့။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now