ပထမနှစ်ဝက် စာမေးပွဲ ဖြေပြီးသွားတာမို့ Newတို့ ကျောင်းက ခနပိတ်ထားတယ်.....
Newတစ်ယောက် သူ့အမေကို နှုတ်ဆက်ကာ အချိန်ပိုင်းအလုပ်လုပ်တဲ့ ကော်ဖီဆိုင်လေးကို ထွက်လာခဲ့လိုက်တယ်......
ကော်ဖီဆိုင်ဆီ ဦးတည်ပြီး လမ်းလျှောက်နေတုန်း ဖုန်းလာလို့ ကြည့်လိုက်တော့ Gunဖြစ်နေတာမို့ ကိုင်လိုက်ပြီး
" Hello Gun "
" ဟင့် New...... "
Gunအသံက ငိုသံစွက်နေတာကြောင့် Newလဲ စိတ်ပူသွားပြီး
" Gun ဘာဖြစ်လို့လဲ "
" ဟင့်....... ငါမင်းကို ရင်ဖွင့်စရာရှိလို့ ဟင့်.... မင်းအလုပ်လုပ်တဲ့ ဆိုင်မှာ စောင့်နေတယ် "
" အေးပါ ခနလေးစောင့်နော် ငါလာနေပြီ "
Newလဲ Gunနဲ့ဖုန်းချပြီး လမ်းကူးဖို့လုပ်နေတုန်း သူ့ဘေးက ဖြတ်ပြီး မောင်းသွားတဲ့ ကားတစ်စီးက သူနဲ့ နဲနဲလေးပဲ ဝေးတဲ့နေရာမှာ ဟိုဘက်က မောင်းလာတဲ့ ကုန်ကားနဲ့ တိုက်မိသွားတယ်.......
ကား 2စီးတိုက်မိတော့ လူတွေ ကားနားကို အပြေးသွားကြတာမို့ သူလဲ ကားဆီသွားကြည့်မို့ လုပ်လိုက်ပေမဲ့ ရင်ထဲမှာ စို့နစ်ပြီး ထိတ်လန့်နေတာကြောင့် သွားမကြည့်တော့ဘဲ လမ်းကူးပြီး ဆိုင်ကိုပဲ လာခဲ့လိုက်တယ်.......
ဆိုင်ထဲရောက်တာနဲ့ Gunဆီသွားကာ အနားမှာ ထိုင်လိုက်ပြီး
" ဘာဖြစ်လို့လဲ Gun "
" New ငါ့မမ လက်ထပ်တော့မယ် "
" သိတယ်လေ ဟိုတစ်ခါ မင်းပြောဖူးတယ်မလား "
" လက်ထပ်ပွဲက မနက်ဖြန်..... "
" ဟမ်..... ဘယ်လိုဖြစ်လို့ အဲ့လောက်မြန်ရတာလဲ "
" အေးလေ လက်ထပ်တာ အဲ့လောက်မြန်စရာလိုလို့လား ပြီးတော့ အခုလက်ထပ်ပွဲကို အချိန်စောရွေ့လိုက်တာ "
" ဘယ်သူ ရွေ့တာလဲ မင်းယောက်ဖလား "
" မဟုတ်ဖူး ငါ့မမ "
" မင်းအမက ဘာဖြစ်လို့ ရွေ့တာလဲ မဟုတ်မှ မင်းယောက်ဖကို စိတ်မချလို့လား "
" ငါလဲ အဲ့လိုထင်တာပဲ ဘဲကြီးကအရမ်းချောတော့ သူ့မှာ ငါ့မမတစ်ယောက်ထဲ ရှိတာ မဖြစ်နိုင်ဘူး "

YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......