Ep - 30

1.5K 208 16
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 30 )

' လူကြီးမင်းခေါ်ဆိုလိုသော ဖုန်းနံပါတ်မှာ ပြန်လည်ဖြေဆိုခြင်း မရှိပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင် '

တောက် ....

ရှိုင်းဆက်မိုး မတန်လိုက်တဲ့...မင်း... ငါ့အချစ်နဲ့ မတန်လိုက်တဲ့ မင်း။ ဖုန်းတောင် ပြန်ဖြေနိုင်ခြင်း မရှိလောက်အောင်...ဟား။ ညကတင် ငါနဲ့အတူနေခဲ့ပြီး ဒီနေ့ကျတော့ ဟိုအကောင်...စိုင်းကျော်ဇင်သိုက်နဲ့ ဟုတ်လား။ ငါက မင်းကို မပေးနိုင်မကျွေးနိုင်လောက်အောင် မွဲတေသွားတဲ့ကောင် မဟုတ်ပါပဲ ချက်ချင်းကို လူပြောင်းပြီး ကုတင်ပေါ်တတ်သွားတော့တာပဲကိုး...။

လူးလားခေါက်တုံ့ လျှောက်နေရင်းမှ ဆယ့်ငါးမိနစ်ခန့်အကြာမှ ထပ်မံ၍ ဖုန်းခေါ်မိလိုက်သည်။

' လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါသဖြင့်.........'

တောက်  ...

ဒီတစ်ကြိမ်တော့ သည်းခံနိုင်ခြင်း မရှိတော့ပေ။ အောက်သို့ ပြေးဆင်းလာခဲ့ပြီး။

" မောင်စွာ...  ကားထုတ်လိုက် သွားစရာရှိတယ် ' ကိန္နရာ ' ဟော်တယ်ကို မောင်း "

xxxxx

ကလင်..ကလင်...
တံခါးကို တွန်းဖွင့်လိုက်တော့ ထွက်ပေါ်လာသည့် အသံလေးကိုတောင် မကြားနိုင်တော့။ စိတ်ကတခြား လူကတခြား ။ နားနေခန်းဆီ တန်းသွားကာ အိတ်ကို ပစ်ချလိုက်ပြီး ယူနီဖောင်း ပြောင်းဝတ်လိုက်သည်။ ​ကောင်တာဆီ လျှောက်လာနေသော ကျွန်တော့ကို သက်လွန်းက တအံ့တသြ ကြည့်နေခဲ့ပြီး။

" အမိုး မင်း ဆေးစားမှားလာတာလား "

" အင်.. ဘာလို့ "

" တစ်ခါမှ နောက်မကျဘူးတဲ့ မင်းက။ နာရီကိုလည်း ကြည့်ဦးလေ ဒီနေ့ ရှစ်နာရီကျော်မှ ရောက်လာတယ်။ လူကလည်း စိတ်နဲ့အဝေးကြီးလိုပဲ ပြီးတော့...ဟင်..မင်း "

" အင်း...ငါ............ "

" အမိုး လာ....ဒီမှာထိုင်စမ်း...ပြီးရင် မင်းဘာဖြစ်လာတာလဲ ငါ့ကိုပြော "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now