Ep - 29

2.1K 251 19
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 29 )

" ဗျာ...ဘီ... ဘီလီယံနှစ်ထောင် "

ကိုစိုင်းပြောပြလာတဲ့ ငွေကြေးပမာဏက နားထဲသို့ မည်သည့်မည်ပုံ ဝင်လာသလဲတောင် မသိတော့ပါ။ လူကြီးက အဲ့လောက်ထိ ကြီးမားသော လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေမှန်းလည်း မသိခဲ့။

" ဟုတ်တယ်... ညီ... ဦးစဝ်သော်ဝေ ဖြေရှင်းဖို့ သိပ်မလွယ်လောက်ဘူး "

" ဟင် အဲ့လောက်တောင်လားဟင် "

" အင်း ဘယ်လွယ်မလဲ တစ်ခုတော့ရှိတယ် ညီ "

" ဟုတ်ကဲ့ "

" လွှဲယူဖို့ နိုင်နင်းမယ့်သူ တစ်ယောက်ယောက်ကို ပေးလိုက်ဖို့ပဲ "

" အော်...ဒါဆိုလေ ကိုစိုင်း လွှဲယူမယ့်သူကို ဘယ်လို ရှာရင်ရမလဲဟင် "

" အမ်း Google ကနေ ရှာရင်ရော... ?? "

" အာ ကိုစိုင်းကလည်း ကျွန်တော်က တကယ် မသိလို့ကို "

" ဟားဟား အင်းပါ အစ်ကိုက ညီအရမ်းစိတ်ပူနေလို့ နောက်ပေးတာ။ အင်း... သိပ်အများကြီးတော့ လူမရှိပါဘူး ။ အဲ ပြောရရင် ဦးစဝ်သော်ဝေက ပိုသိမှာပေါ့ သူနဲ့အပြိုင် အဲ့ဒီ့ Project ကို လိုချင်လို့ ဆွဲခဲ့တဲ့သူတွေက မြန်မာနိုင်ငံကနေဆို အများကြီး မရှိဘူးလေ။ တရုတ်က လာဆွဲတာက များခဲ့တာကိုး "

" အော်... "

" ကဲ ညီ ကော်ဖီတွေလည်း အေးစက်ကုန်ပြီ သောက်လိုက်ပါဦးကွာ။ ဒါနဲ့ ညီက ဦးစဝ်သော်ဝေကို တော်တော်လေး တွယ်တာတယ်ထင်တယ် ဟုတ်လား "

" အဟင်း အင်းပေါ့ အဟဲ ကျွန်တော်က လူကြီးနဲ့ ချစ်သူတွေပါ "

" Oh........ my god ! "

" ဟီး..."

" အဲ့ဒါကြောင့် အရမ်း စိတ်ပူနေတာကိုး "

" အင်း လူကြီးက ခုဆို စိတ်ဖိစီးမှုတွေ အရမ်းများနေတော့မှာ ကျွန်တော်ကလည်း တစ်ဖက်တစ်လမ်းက ကူညီပေးချင်တာပါ။ ဒါပေမယ့် ကျွန်တော်က ဘာမှလုပ်ပေးနိုင်တဲ့သူ မဟုတ်တော့ "

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now