Tayတစ်ယောက် မနက်အစောထကာ ပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်......
ဧည့်ခန်းထဲမှာ ထိုင်ပြီး laptop တစ်လုံးနဲ့ အလုပ်ရှူပ်နေတဲ့ အန်တီငယ်က Tayဆင်းလာတာလဲ မြင်ရော....
" သားငယ်လေး အစောကြီး ဘယ်သွားမို့လဲ "
Tayလဲ သူ့အန်တီဘေးမှာ သွားထိုင်လိုက်ပြီး
" Sandeeတို့မိဘတွေနဲ့ မနက်စာသွားစားမို့ပါ အန်တီငယ် "
" မနေ့ညကလဲ သွားသေးတယ်မလား "
" မနေ့ညက သွားတာက အငယ်ကောင်လေးနဲ့ ရင်းနှီးအောင်လို့ သွားတာ "
" ရင်းနှီးလာပြီလား "
" ရင်းနှီးဖို့ နေနေသာသာ အန်တီငယ်ရယ် Barက မီးရောင်တွေ တဖျတ်ဖျတ်နဲ့ဆိုတော့ သားမယ် ခေါင်းမူးလာလို့ အငယ်ကောင်လေးကိုတောင်မနှုတ်ဆက်ရဘဲ ပြန်လာခဲ့ရတာ "
" အငယ်ကောင်လေးက ဘာလို့ Barကိုသွားရတာလဲ "
" တကယ်တော့ အငယ်ကောင်လေးက Sandeeကိုပဲ Barကို အတူလိုက်ခဲ့ဖို့ခေါ်တာပါ အဲ့တာကိုသားက သူနဲ့ရင်းနှီးအောင်လို့ လိုက်သွားတာ "
" 2ယောက်သား စေ့စပ်တာတွေတောင် မလုပ်ရသေးဘူးကို ယောက်ဖလေးနဲ့ ရင်းနှီးချင်ပြီပေါ့ "
" ဟီး...... မရင်းနှီးလို့ မဖြစ်ဖူးလေ အန်တီငယ်ရယ် အမကို လိုချင်မှတော့ မောင်ကို ရအောင်ပေါင်းရမှာပေါ့ဗျ "
" မယ့် ဒို့သားငယ်လေးက အလည်လေးပဲ "
" ဒါဆို သားသွားတော့မယ်နော် Sandeeတို့မိဘတွေအတွက် လက်ဆောင်လေး ဝင်ဝယ်သွားချင်လို့ "
" ဟုတ်ပါပြီ ကားကို ဂရုစိုက်မောင်းနော် သားငယ်လေး "
" ဟုတ် အန်တီငယ် "
Tayလဲ အန်တီငယ်ကို နှုတ်ဆက်ပြီး Sandeeတို့အိမ်တွက် လက်ဆောင်ဝင်ဝယ်ဖို့ marketတစ်ခုကို အရင်ထွက်လာခဲ့လိုက်တယ်.......
ဆိုင်ရောက်တော့ သင့်တော်မယ်ထင်တဲ့ ပစ္စည်းလေးတွေဝယ်လိုက်ပြီး Sandeeတို့ဆီ ကားမောင်းထွက်လာခဲ့တော့ သူ့ကားနဲ့ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးတစ်ယောက်ကို တိုက်မိမလို ဖြစ်သွားတယ်.....

YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......