၆၆/၂။ ကိုယ့်သေတွင်း ကိုယ်တူး

2.2K 408 39
                                    

တာ့ဆောင် - ဆောင်က ယောင်းမ/မရီးကို ရိုသေသမှုပြု၍ သုံးနှုန်းခြင်း၊ ကလေးများသည်လည်း ဖခင်ဘက်က ဦးလေး၏ ဇနီးကို ခေါ်ဆိုရာတွင်လည်း သုံးသည်။

ဟွေ့ပင်း - အစေခံ/နူပိတို့က အခြားအဆင့်ပိုမြင့်သူတို့ကို စကားပြောဆိုရာတွင် သုံးသည်/ "လျှောက်တင်ပါသည်"

ကျန်းနွီ - အိမ်တော်၏ အကြီးဆုံးသမီး/ တရားဝင်ပထမသမီး

၆၆/၂။ ကိုယ့်သေတွင်း ကိုယ်တူး (Sharr, Nc)

လောင်ဖူးရန် မျက်မှောင်ကြုတ်လိုက်၏။ "ဘာလဲ..."

လော့မာမား ခေတ္တခဏမျှ ချီတုံချတုံဖြစ်သွားကာ တာ့ဖူးရန်၏ တင်းမာနေသော အမူအရာကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"​ေဟွ့ပင်း လောင်ဖူးရန်... အဲ့တာ ထု(ထုစစ်ချောင်)ပါ.."

"ထု?" လီရှောင်းရန်မှာ အမတ်ချုပ်ကြီးဖြစ်၍ သည်အပင်တို့က ကျေးလက်ဒေသက ကွင်းပြင်များတွင် ပေါက်ရောက်သည်ကိုသာသိလေသည်။ "အဲ့တာ ဘာလဲ"

လီဝေယန်းနှုတ်ခမ်းတို့က ဖြည်းဖြည်းချင်း ကော့တက်သွား၏။ အံ့အားသင့်ထိတ်လန့်တုန်လှုပ်မှုတို့က လီချန်ရှီးမျက်နှာပေါ်တွင် ပေါ်လာသည်။ ဒါက ဘယ်လိုဖြစ်ရတာလဲ။  ​

လော့မာမားက ရှေ့တိုးသွားကာ အသားစကို ဂရုတစိုက်ဖြင့် ဆွဲဖြတ်လိုက်သည်။ အားလုံးက အထဲမှာ မဲနယ်ရောင်တစ်စုံတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ လီရှောင်ရန် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါက ဘာလဲ"

"ဒါက အဆိပ်ရှိတဲ့ မြက်တစ်မျိုးပဲ၊ ​ကောက်ပဲသီးနှံတွေနားမှာ ပေါက်ရင် ဘာသီးနှံမှ မဖြစ်ထွန်းဘူး၊ အဲ့တာကြောင့် ထုလို့ခေါ်တာ" လော့မာမား၏ မျက်နှာအမူအရာမှာ အနည်းငယ်မှုန်မှိုင်းသွားသည်။ သူမ အိမ်တော်ထဲတွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်သော်ငြား ဤကဲ့သို့ ညစ်ညမ်းနေသောအရာများကို မြင်ရသေးသည်။ သည်လိုအရာမျိုးက လီမိသားစုထဲတွင် ပေါ်လာစရာအကြောင်းမရှိဟု သူမ ထင်ခဲ့ဖူးသည်။

"ဒါက ဘာလို့ ဒီမှာ ရှိနေရတာလဲ" လီရှောင်းရန် မျက်နှာပေါ်တွင် သံသယရိပ်တို့က ထင်လာသည်။ "ဘာအတွက် သုံးတာလဲ"

အဆိပ်/လီဝေယန်းWhere stories live. Discover now