Ep - 28

2.4K 235 14
                                    

🖤 ပိုင်းလုံး 🖤 ( Ep - 28 )

ချစ်မိပြီဆိုရာတွင်... အရာအားလုံးသည် နုပျိုသွားပါလိမ့်မည်။
ချစ်မိပြီဆိုရာတွင်... အရာအားလုံးသည် ချိုမြိန်လှပသွားပါလိမ့်မည်။
ချစ်မိပြီဆိုရာတွင် စစ်ပွဲအတွင်းရောက်နေလျှင်တောင်...ပန်းပေါင်းစုံက ပွင့်လန်းလာနိုင်ပါလိမ့်မည်..................။

ထို့ပြင်...
ကန့်သက်ပိုင်းခြားမှုများလည်း ပျောက်ကွယ်သွားပါလိမ့်မည်။ ဥပမာ... အသက်အရွယ်...ငွေကြေးအင်အား ပညာအရည်အချင်း အခြားအခြားသော အရာများရောပေါ့... ။

ယခုလည်း...

>> 💕 <<

" လူကြီး ခင်ဗျားလွန်မလာနဲ့နော်... အနိုင်မကျင့်နဲ့လေ...ခင်ဗျားကလူကြီးမဟုတ်ဘူးလား "

နွေဝေးတို့မရှိပဲ တစ်အိမ်လုံးနှစ်ယောက်တည်း ကစားနေသောပွဲမို့...အနိုင်ကျင့်သူက ကျင့်လေသည်။ အနိုင်ကျင့်ခံနေရသူက အပြုံးတို့ မပြတ်မကွက်..။

" ဟွမ့်...ရှုံးရင်စပြီ....ဇာတ်လမ်းက..."

" ဘာလဲ...ငြိုငြင်တာလား...မကျေနပ်တာလား...ဟမ့်... တော်ပြီဗျာ...ဆက်မဆော့ဘူး "

" အမ်... လူကြီးနိုင်တော့မှာလေ..."

" သိဘူး "

ပြောရင်း စစ်တုရင်ခုံတစ်ခုလုံးအား မွှေနောက်ကာ ထထွက်သွားတော့ ရှုံးလို့အတောက်ခံထားရသည့် နဖူးတစ်ခုလုံးပူထူရတာသာ အဖတ်တင်ခဲ့ရင်း နောက်မှလိုက်ဝင်ရသည်။

အိပ်ခန်းထဲတွင် စူပုတ်ကာ ကုတင်ပေါ်ငုတ်တုတ်ထိုင်နေသော ကောင်ပေါက်လေးအား ချော့ရမည်က ကိုယ့်တာဝန်ပေမို့။

" ရှိုင်းငယ်ငယ် စိတ်မဆိုးနဲ့တော့လေကွာ.. "

"..........."

ကျောင်းပိတ်သည့် တစ်လအတွင်း... ချစ်သူ့သက်တမ်းတစ်လစွန်းစွန်းအတွင်း... ရှိုင်းငယ်ငယ်လေးထံယခုလိုပင် လာကာအချိန်ဖြုန်းသည်က များလေသည်။

🖤 ပိုင်းလုံး 🖤 ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 ) Where stories live. Discover now